မြိတ် မတ် ၂၁
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် မျိုးဆက်သစ်ဘောလုံး အားကစားသမားများ မွေးထုတ်ပေးနိုင်ရေးအတွက် မြိတ်မြို့နယ် ဘောလုံးအဖွဲ့ချုပ်ဖလား ကလပ်ပေါင်းစုံ အသက် (၁၈) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို ယမန်နေ့ ညနေပိုင်းက ရေပုန်းရပ်ကွက်ရှိ မြို့နယ်ဘောလုံးကွင်းတွင် ကျင်းပသည်။
ဘောလုံးပြိုင်ပွဲကို မြိတ်မြို့နယ် ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးပြည်ဟိန်းကျော်က အမှာစကားပြောကြား၍ ဖွင့်လှစ်ပေးပြီး ပြိုင်ပွဲဝင်အားကစားသမားများမှ အားကစားသစ္စာအဓိဌာန်ရွတ်ဆိုခဲ့ကြပြီး ပြိုင်ပွဲစတင်ကျင်းပရာ ပြိုင်ပွဲပထမပွဲစဉ်အဖြစ် ဧရာနဒီကလပ်အသင်းနှင့် မျိုးချစ်ကလပ်အသင်းတို့ စတင်ယှဉ်ပြိုင်ခဲ့ကြသည်။
ပြိုင်ပွဲယှဉ်ပြိုင်နေမှုအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အားကစားဝါသနာရှင်များနှင့် ဖိတ်ကြားထားသူများက ကြည့်ရှုအားပေးကြသည်။ အဆိုပါပြိုင်ပွဲကို မတ် (၂၀) ရက်မှ (၃၀) ရက်အထိ ကျင်းပသွားမည်ဖြစ်ကာ ပြိုင်ပွဲဝင်အသင်း (၈) သင်း ပြိုင်ပွဲဝင်အားကစာသမား (၁၆၈) ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး (ပြန်/ဆက်)