မိုးနဲမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် စတုတ္ထအကြိမ် ထောက်ပံ့ငွေပေးအပ်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင် မိုးနဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ၊ ကာကွယ်၊ ထိန်းချုပ်ရေး ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသောအခြေခံလူတန်းစားများ တစ်ဖက်တစ်လှမ်းမှ အထောက်အကူဖြစ်စေရေး အတွက်နိုင်ငံတော်မှ တစ်အိမ်ထောင်စုလျှင် ငွေကျပ် ၂၀၀၀၀ နှုန်းစီကို စတုတ္ထအကြိမ်အဖြစ် ထောက်ပံ့ပေးလျက်ရှိရာ ယနေ့နံနက် ၈ နာရီအချိန်က မြို့ပေါ် ရပ်ကွက်နှင့်ကျေးရွာအုပ်စုများအတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများထံသို့ ထောက်ပံ့ငွေများသွားရောက်ပေးအပ်ခဲ့သည်။