ကရသူရိမြို့ ရပ်ကွက်/ကျေးရွာအုပ်စုများတွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအား စတုတ္ထအကြိမ်ထောက်ပံ့ငွေများပေးအပ်

တနင်္သာရီတိုင်းဒေသကြီး၊ဘုတ်ပြင်းမြို့နယ်၊ကရသူရိမြို့တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစားအိမ်ထောင်စုများအား စတုတ္ထအကြိမ်ငွေ(၂၀၀၀၀)ကျပ် ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ရပ်ကွက်/ကျေးရွာအုပ်စုများတွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

စေတုတ္တရာမြို့နယ် အလယ်ဟန်ဒေါက်-ဘူး-ပဇူ ကျေးရွာချင်းဆက်လမ်း လမ်းတာချဲ့၍ မြေသားလမ်းဖောက်လုပ်ခြင်း ရာနှုန်းပြည့်ပြီးစီး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ၊ စေတုတ္တရာမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ မြို့နယ်အတွင်း၌ ကျေးလက်ဒေသများရှိ ဒေသခံပြည်သူများ ရာသီမရွေး သွားလာမှုအဆင်ပြေစေရန်နှင့် လယ်ယာထွက်ကုန်များ တင်ပို့ရောင်းချရာတွင် အဆင်ပြေလွယ်ကူစေရန်အတွက် ကျေးလက်လမ်းများကို အရှိန်အဟုန်မြှင့် တိုးချဲ့ဆောင်ရွက်လျက်ရှိရာ အလယ်ဟန်ဒေါက်-ဘူး-ပဇူ ကျေးရွာချင်း ဆက်လမ်းအား လမ်းတာချဲ့၍ မြေသားလမ်းဖောက်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ရာ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ကာလိမြို့၊ဟိုပန်ကျေးရွာအုပ်စု၊ကျေးရွာ(၁၄)ရွာရှိအခြေခံလူတန်းစားများ စတုတ္ထအကြိမ် ထောက်ပံ့ငွေများပေးအပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့၊ ဟိုပန်ကျေးရွာအုပ်စုတွင် ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားပြည်သူများအား စတုတ္ထအကြိမ် ငွေသားဖြင့်ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက်(၉)နာရီအချိန်ခန့်မှစ၍ တာဝန်ရှိသူများက အိမ်တိုင်ရာရောက်လိုက်လံကွင်းဆင်း ထောက်ပံ့ ပေးအပ်ခဲ့ကြောင်းသိရသည်။

မြောက်ဥက္ကလာပမြို့နယ် (၂)ရပ်ကွက်ဈေးတွင် နှာခေါင်းစည်း Mask တပ်ဆင်ခြင်း ရှိ/မရှိ စစ်ဆေး ဆောင်ရွက်

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုများ များပြားလာသော်လည်း ပြည်သူများ၏ စားဝတ်နေရေး အခက်အခဲများနှင့် ပြန်လည်ဖွင့်လှစ်လာသည့် လုပ်ငန်းများကြောင့် နေအိမ်ပြင်ပသို့ ထွက်ရှိမှုများပြားလာခဲ့ပြီး အပြင်သို့ထွက်ရှိသူများအား ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး အတွက် နှာခေါင်းစည်း Mask များတပ်ဆင်ခြင်းရှိ/မရှိနှင့် တပ်ဆင်သော်လည်းစနစ်တကျ တပ်ဆင်ခြင်းရှိ/မရှိ စစ်ဆေးခြင်းကို ယနေ့ နံနက် ၉ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် (၂)ရပ်ကွက်ဈေးတွင် ကိုဗစ်-၁၉ စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့မှ ဆောင်ရွက်ခဲ့သည်။

နတ်မောက်မြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန် မြို့အဝင်/အထွက်ပူးပေါင်း စစ်ဆေးဂိတ်များတွင် ကျန်းမာရေးစစ်ဆေးခြင်း ဆောင်ရွက်

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို စဉ်ဆက်မပျက် ဆောင်ရွက်သည့်အနေဖြင့် နတ်မောက်-မြို့သစ်-တောင်တွင်းကြီးအဝင်ဂိတ်တွင် မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များပူးပေါင်း၍ ယနေ့နံနက်က ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထီးလင်းမြို့၌ မီးဘေးလုံခြုံရေးဆိုင်ရာ အသိပေးကြေညာချက် လိုက်လံနှိုးဆော်

ပွင့်လင်းရာသီ ရောက်ရှိလာသည်နှင့်အညီ ပြည်သူများ၏ အသက်အိုးအိမ် ပစ္စည်းများ မီးဘေးအန္တရာယ်မှ ကြိုတင်ကာကွယ် တားဆီးနိုင်ရေးအတွက် မီးဘေးလုံခြုံရေးဆိုင်ရာ အသိပေးကြေညာချက်အား ပြည်သူများသို့ လိုက်လံနှိုးဆော်ခြင်းကို ယမန်နေ့ ညနေပိုင်းက ဂန့်ဂေါခရိုင် ထီးလင်းမြို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လမ်းမတော်မြို့နယ်တွင် ကိုဗစ်၁၉ကာကွယ်၊ထိန်းချုပ်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် အလှူရှင်များမှ အလှူငွေများ လာရောက်လှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ လမ်းမတော်မြို့နယ်တွင်ကိုဗစ်၁၉ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးသို့ အလှူရှင်များမှ အလှူငွေများကို ယမန်နေ့ နံနက်ပိုင်းက လာရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်၌ မိုးစပါးသီးနှံစိုက်ခင်းများ စတင်ရိတ်သိမ်း ၊ တောင်သူများ ငွေအကုန်အကျ သက်သာစေရန် မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ ကောက်ရိတ်ခြွေလှေ့စက်ဖြင့် ရိတ်သိမ်းပေးလျက်ရှိ

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် ဒေသခံတောင်သူများ မိုးစပါးသီးနှံစိုက်ခင်းများ စတင်ရိတ်သိမ်းနေကြ ကြောင်း သိရကာ ထိုသို့ မိုးစပါးစိုက်ခင်းများ ရိတ်သိမ်းရာတွင် တောင်သူများ ငွေအကုန်အကျ သက်သာစေရန်နှင့် သီးနှံ အထွက်နှုန်း လေလွင့်ဆုံးရှုံးမှုများ မဖြစ်စေရေးအတွက် ပွင့်ဖြူမြို့၊ အမှတ်(၄၆)စက်မှုလယ်ယာစခန်းမှ ကောက်ရိတ်ခြွေလှေ့ စက်များဖြင့် ရိတ်သိမ်းခြွေလှေ့ခြင်းလုပ်ငန်းများ ဝန်ဆောင်မှုပြုပေးလျက်ရှိကြောင်း သိရသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ ဒေသအသီးသီးတွင် တာဝန်ထမ်းဆောင်နေသော သူနာပြု (၂၀)ဦး ရန်ကုန်မြို့သို့ သွားရောက်ကူညီတာဝန်ထမ်းဆောင်ရန် တတိယသုတ်အဖြစ် လားရှိုးမြို့မှ ထွက်ခွာ

ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးအတွက် ရန်ကုန်မြို့သို့ သွားရောက်ကူညီတာဝန် ထမ်းဆောင်ရန် ရှမ်းပြည်နယ်(မြောက်ပိုင်း) အတွင်းရှိ နေရာဒေသအသီးသီးတွင် တာဝန်ထမ်းဆောင်လျက်ရှိသော သူနာပြု (၂၀)ဦးမှာ ယမန်နေ့ ညနေ (၅)နာရီအချိန်တွင် လားရှိုးမြို့မှ ထွက်ခွာသွားကြောင်းသိရသည်။
Subscribe to