ပန်းတောင်းမြို့နယ်၌ ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

ပန်းတောင်း နိုဝင်ဘာ ၂၀

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၊ ပန်းတောင်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ယမန်နေ့နံက်ပိုင်းက ပန်းတောင်းမြို့နယ်အတွင်းရှိ ကျေးရွာများ၌ ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် တယ်ပင်ကျိုး၊ ကျည်းပင်ကန်၊ ငါးဆယ်ပေး၊ ဘုရားပေါ်ကျေးရွာတို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများသိရှိစေရန် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက် ကြရန်နှင့် မီးဘေး၊ လေဘေး၊ ငလျင်ဘေး အသိပညာပေးခြင်း လုပ်ငန်းများကို အသံချက်စက်ဖြင့် အသိပညာပေး နိုးဆော်ခဲ့ပြီး ဗီနိုင်းပိုစတာများကပ်၍ ပြည်ခရိုင်နှင့် ပန်းတောင်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာန၊ ပန်းတောင်းမြို့နယ် မီးသတ်တပ်ဖွဲ့တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သင်းသင်းအေး(ပြန်/ဆက်)