ထီးလင်း၌ မြို့နယ်ရွှေထီးခန်းမ အုတ်ခြံစည်းရိုး ကာရံခြင်းနှင့် သံပန်းတံခါး ပြုလုပ်ခြင်း လုပ်ငန်းများ ဆောင်ရွက်

ထီးလင်း  နိုဝင်ဘာ ၂၀

ဂန့်ဂေါခရိုင် ထီးလင်းမြို့တွင် မြို့နယ်ရွှေထီးခန်းမ အုတ်ခြံစည်းရိုး ကာရံခြင်းနှင့် သံပန်းတံခါး ပြုလုပ် ခြင်းလုပ်ငန်းများကို မြို့နယ် စည်ပင်သာယာရေးအဖွဲ့က အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

အဆိုပါလုပ်ငန်းများကို ထီးလင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့က ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ်၊ ခွင့်ပြုရန်ပုံငွေ ကျပ် သိန်း (၉၀) ဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး အုတ်ခြံစည်းရိုးမှာ အရှည် (၂၇၆) ပေ၊ အမြင့် (၅) ပေ ရှိကာ မြို့နယ် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ်တွင် ကျပ်သိန်း (၁၀၀) အထက် လုပ်ငန်း(၁၂)ခုကို ငွေကျပ် ၂၇၂၉၀၀၀၀၀ သိန်းဖြင့် လည်း ကောင်း၊ ကျပ်သိန်း (၁၀၀)အောက် လုပ်ငန်း(၂၅)ခုကို  ငွေကျပ် ၉၉၆၅၀၀၀၀ သိန်းဖြင့် လည်းကောင်း၊ စုစုပေါင်း ငွေကျပ် - ၃၇၂၅၅၀၀၀၀ သိန်းဖြင့် လုပ်ငန်းပေါင်း (၃၇) ခုကို ဆက်လက်လျာထား ဆောင်ရွက် သွားမည်ဖြစ် ကြောင်း မြို့နယ် စည်ပင် သာယာရေးအဖွဲ့မှ သိရသည်။

အောင်စည်(ပြန်/ဆက်)