တွန်းဇံမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအတွက် Mask Campaign ဆောင်ရွက်

တွန်းဇံ  နိုဝင်ဘာ ၂၀

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တွန်းဇံမြို့နယ်အတွင်းရှိ လူသွားလူလာများပြားသည့် လမ်းဆုံများတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေး အသိပညာမြှင့်တင်ရေးနှင့် နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရေးလှုပ်ရှားမှုအဖြစ် ယနေ့နံနက် နာရီအချိန်မှစ၍ Mask Campaignကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သည်။

ထိုသို့ဆောင်ရွက်ရာတွင် ဈေးများ၊ ဈေးဝယ်သူများနှင့်ဈေးသည်များ လမ်းသွားလမ်းလာ ဖြတ်သန်းမှုများသည့် လမ်းများတွင် ပါးစပ်နှင့်နှာခေါင်းစည်း (Mask)များ အခမဲ့ဝေငှခြင်းနှင့် ကျန်းမာရေး ဦးစီးဌာန၏ ညွှန်ကြားချက်များ သိရှိလိုက်နာစေရေး အသိပညာပေး ပြောကြားသည်။

အဆိုပါဆောင်ရွက်မှုတွင် မြို့နယ်အဆင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီဝင်များ၊ အရပ်ဘက်အသင်းအဖွဲ့များနှင့် စေတနာ့ဝန်ထမ်းများပူးပေါင်းပါဝင်လျက် Mask (500)ခုအား အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဝေဖြိုး(ဇလပ်မြေ)