မလှိုင်မြို့နယ်တွင် နှာခေါင်းစည်းတပ်ဆင်ရေး Mask Campaign ပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြိုနယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန်နှင့် ကြိုတင် ကာကွယ်ရေးအတွက် နှာခေါင်းစည်း အဖြစ်မနေတပ်ဆင်‌ရေး အသိပေးနှိုးဆော်ခြင်းနှင့် Mask နှင့် Face Shield များ အခမဲ့ဝေငှခြင်း လှုပ်ရှားမှု (Mask Campaign) ကို ယမန်နေ့က မြို့မ စည်ပင်သာယာဈေး အတွင်း၊ အပြင်နှင့် လူစည်ကားရာ ပွဲစာတန်းလမ်းတစ်လျှောက်၌ ပြုလုပ် ခဲ့ကြောင်း သိရသည်။

မိုင်းတုံမြို့၌ Mask တပ်ဆင်သွားလာရေး Mask Campaign ပြုလုပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့၌ Mask တပ်ဆင်သွားလာရေး Mask Campaign ပြုလုပ်၍အသိပညာပေးခြင်းနှင့် Mask များ အခမဲ့ဖြန့်ဝေပေးခြင်းကို ယနေ့ နံနက် ၆ နာရီခွဲက ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။

ဝန်းသိုမြို့နယ်တွင် (VDP) စီမံကိန်းထောက်ပံ့ငွေဖြင့် သုံးနှစ်အတွင်း ကျေးရွာပေါင်း ၉၅ ရွာ ဆောင်ရွက်နိုင်ခဲ့ပြီး ယခုဘဏ္ဍာနှစ်တွင် ကျေးရွာပေါင်း ၂၂ရွာ ထပ်မံအကောင်အထည်ဖော် ဆောင်ရွက်သွားမည်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးရွာတစ်ရွာလျှင် စီမံကိန်းထောက်ပံ့ ငွေကျပ်သိန်း ၁၀၀စီဖြင့်

ကွန်ဟိန်းမြို့၌ ODK Collect Application ဖြင့် စာရင်းကောက်ယူပြီး ထောက်ပံ့ရန်ကျန်ရှိခဲ့သည့် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးများအား ထောက်ပံ့

ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့၌ Maternal and Child Cash Transfer Program (MCCT)အရ ODK Collect Application ဖြင့် စာရင်းကောက်ယူပြီး ထောက်ပံ့ရန်ကျန်ရှိခဲ့သည့် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးများအား ယနေ့ နံနက် ၁၀ နာရီအချိန်ခန့်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကလိန်အောင်မြို့ မလွဲတောင်စစ်ဆေးရေးဂိတ်၌ ကျန်းမာရေးစစ်ဆေးခံယူမှုမပြုလုပ်ဘဲ ရှောင်ကွင်း လမ်းမှ ခရီးသည်များအား သွားရောက်ခေါ်ဆောင်သူ ယာဉ်မောင်း(၂)ဦးအား သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးဥပဒေဖြင့် အမှုဖွင့်အရေးယူ

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ကလိန်အောင်မြို့ ရာဖူးကျေးရွာအတွင်းသို့ စစ်ကိုင်းတိုင်း ဒေသကြီး ဝန်းသိုမြို့နယ်မှ ထွက်ခွာလာကြသည့် ခရီးသည်(၂၀)ဦးအား မလွှဲတောင်စစ်ဆေးရေး ဂိတ်၌ ကျန်းမာရေးစစ်ဆေးမှု မခံယူဘဲ ရှောင်ကွင်းလမ်းမှ သွားရောက်ခေါ်ဆောင်သူ ယာဉ်မောင်း (၂) ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဥပဒေဖြင့် ယမန်နေ့က အမှုဖွင့်အရေးယူ ဆောင်ရွက် ထားကြောင်း သိရသည်။

တနိုင်းမြို့နယ်၌ ကိုဗစ်-၁၉ပိုးတွေ့လူနာနှင့် ထိတွေ့ဆက်စပ်သူများအား နေအိမ်တွင် အသွားအလာ ကန့်သတ်ထားရှိ

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့၊ မုန်ဒိန်ရပ်ကွက်၊ "ရွှေတိုးအောင်"တည်းခိုခန်းတွင် ဦးသက်မော်(ခ) အငယ်လေးမှာ (၂၁.၁၁.၂၀၂၀)ရက်နေ့တွင် အခန်းအမှတ်(၂၀၅)တွင် တည်းခို၍ ညအိပ်ရပ်နားခဲ့ပြီး (၂၂.၁၁.၂၀၂၀)ရက်နေ့ နံနက်(၁၀)နာရီအချိန်တွင် တနိုင်းမြို့၊ ချမ်းငြိမ်းစည် မော်တော်ယာဉ်လိုင်းဖြင့် မိုးကောင်းမြို့၊ ရွှေကျောက်စိမ်းကားဂိတ်သို့ ရောက်ရှိပြီး ၎င်းသည် (၂၃.၁၁.၂၀၂၀) ရက်နေ့တွင် မိုးကောင်းမြို့မှ မန္တလေးမြို့၊ မန္တလေးမှ မုံရွာသို့ ခွေးဘီလူးကားဖြင့် ၎င်း၏နေရပ် ချောင်းဦးမြို့နယ်၊ ကျီးကုန်းကျေးရွာသို့ ရောက်ရှိပြီး ကျီးကုန်း(အထက) CBFQ ထားရှိရာမှ အနံ့၊ အရသာပျောက်သဖြင့် ဆေးရုံသို့ ပို့ဆောင်ကာ စစ်ဆေးရာမှ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ကြောင်း သတင်းရရှိသဖြင့် ၎င်းနှင့်ထိတွေ့ဆက်စပ်သူများအားစစ်ဆေး၍ "ရွှေတိုးအောင်"တည်းခိုခန်း မန်နေဂျာအား နှာခေါင်းတို့ဖတ်များ ရယူ၍ ကျန်းမာရေး စစ်ဆေးမှုများ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ရေဖြူမြို့နယ် နေရပ်ပြန်စောင့်ကြည့်ရေးစခန်း (Quarantine Centre) သို့ နေရပ်ပြန် (၉) ဦး ဝင်ရောက်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် နေရပ်ပြန်များအား လက်ခံပြီး ကျန်းမာရေး စစ်ဆေးပေးနိုင်ရန် နေရပ်ပြန် အသွားအလာ စောင့်ကြည့်ရေးစခန်း (၄) ခု ဖွင့်လှစ် ထားရှိရာ ယမန်နေ့က နေရပ်ပြန်(၉)ဦး နယ်စပ်ဂိတ်များမှ ပြန်လည်ဝင်ရောက်လာကြောင်း သိရသည်။

ရေဖြူမြို့နယ် နေရပ်ပြန်စောင့်ကြည့်ရေးစခန်း (Quarantine Centre) သို့ နေရပ်ပြန် (၉) ဦး ဝင်ရောက်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် နေရပ်ပြန်များအား လက်ခံပြီး ကျန်းမာရေး စစ်ဆေးပေးနိုင်ရန် နေရပ်ပြန် အသွားအလာ စောင့်ကြည့်ရေးစခန်း (၄) ခု ဖွင့်လှစ် ထားရှိရာ ယမန်နေ့က နေရပ်ပြန်(၉)ဦး နယ်စပ်ဂိတ်များမှ ပြန်လည်ဝင်ရောက်လာကြောင်း သိရသည်။
Subscribe to