မယ်စဲ့မြို့နယ်၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ် အွန်လိုင်းမှ သင်တန်းဖွင့်လှစ်

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး ၁၆ ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ် သင်တန်းဖွင့်လှစ်ခြင်းကို ယမန်နေ့က မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ အွန်လိုင်းစနစ်ဖြင့် ကျင်းပခဲ့ သည်။

ဧရာ၀တီတိုင်း‌ဒေသကြီးအစိုးရအဖွဲ့မှ သာပေါင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ တားဆီး၊ ကာကွယ်၊ ထိန်းချုပ်ရေး စစ်ဆေးရေးဂိတ်များအတွက် ထောက်ပံ့ငွေ(၅၀၀၀၀၀)ကျပ်ပေးအပ်

ဧရာ၀တီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာ၀န်ကြီး ဗိုလ်မှူးကြီး ကျော်စွာလှိုင်နှင့် အဖွဲ့တို့သည် သာပေါင်းမြို့နယ် ကိုဗစ်-၁၉ တားဆီး၊ကာကွယ်၊ထိန်းချုပ်ရေး ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြို့နိုင်နှင့် ကော်မတီအဖွဲ့၀င်များကို ယနေ့ ဒီဇင်ဘာလ ၅ ရက်နေ့ နံနက် ၇ နာရီခွဲအချိန် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ ဧည့်ခန်းမ၌တွေ့ဆုံခဲ့ကြသည်။

စေတုတ္တရာမြို့နယ် မထိမ်းကျေးရွာအတွင်းရှိ ကျွဲ၊ နွားအကောင်ရေ (၁၈၀)ခန့်အား ခွာနာလျှာနာ ရောဂါကာကွယ်ဆေး ထိုးနှံပေး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်အတွင်းကျေးရွာများရှိ ဒေသခံပြည်သူများ၏ ကျွဲ၊ နွားများအား  ရောဂါ ကာကွယ်ဆေးများ လိုက်လံထိုးနှံ ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက မထိမ်းကျေးရွာ အတွင်းရှိ တောင်သူများ၏ ကျွဲ၊ နွား အကောင်ရေ (၁၈၀)ခန့် အား ခွာနာလျှာနာ ရောဂါ ကာကွယ်ဆေး ကွင်းဆင်းထိုးနှံပေးခဲ့ကြောင်း သိရသည်။

ရမည်းသင်းမြို့ လူမှုထူးချွန်စာကြည့်တိုက်ရှေ့၌ အမျိုးသမီးများအပေါ်အကြမ်းဖက်မှု တိုက်ဖျက်ရေး (၁၆)ရက်တာလှုပ်ရှားမှုပိုစတာစိုက်ထူးပွဲကျင်းပ

မြန်မာနိုင်ငံ ရင်ခွင့်မဲ့ရကလေးငယ်များလျော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေး အသင်း (ရမည်းသင်း) ဦးဆောင်၍ အမျိုးသမီးများအပေါ်အကြမ်းဖက် မှုတိုက်ဖျက်ရေး(၁၆) ရက်တာ လှုပ်ရှားမှု ပိုစတာစိုက်ထူပွဲကို ဒီဇင်ဘာ ၆ ရက်နံနက်၉နာရီက ဝါတိုးအရှေ့ရပ်ကွက် လူမှုထူးချွန် စာကြည့်တိုက်ရှေ့၌ ကျင်းပပြုလုပ်သည်။

မြဝတီမြို့ရှိ မဲကနယ်အသွားအလာကန့်သတ်စောင့်ကြပ်ကြည့်ရှုရေးစခန်းတွင် (၁၄) ရက်ပြည့်မြောက်သူများအား မိမိတို့နေရပ်သို့ ပြန်လည်စေလွှတ်

ကရင်ပြည်နယ် မြဝတီမြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူ များအနေဖြင့်  ကန့်သတ်စောင့်ကြည့်ရေးစခန်းများ အသီးသီး စီစဉ်ဆောင်ရွက်ပြီးစောင့်ကြည့်လျက်ရှိရာ  မြဝတီမြို့ မဲကနယ်အသွားအလာ ကန့်သတ် စောင့်ကြပ်ကြည့်ရှုရေးစခန်းတွင် ဝင်ရောက်နေသူများအား ကိုဗစ်-၁၉ ရောဂါပိုးရှိမရှိစစ်ဆေး ချက်များရယူစစ်ဆေးခဲ့ရာ Negative ဖြစ်သည့် ၁၄ ရက် ပြည့်မြောက်သူ (၉)ဦးအား အသိအမှတ်ပြုကတ်ပြားများ ထုတ်ပေးကာ ယမန်နေ့ က မိမိနေအိမ်သို့ ပြန်လည်စေ လွှတ်ပေးခဲ့ကြောင်း သိရှိရသည်။

ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ခြင်း ဆိုင်ရာ (Mask and Face Shield Campaign) ဆက်လက် ပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်း ချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆက်လက် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းမှ စ၍ မြို့နယ် ဌာနဆိုင်ရာများ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေးအသိပညာ မြှင့်တင်ရေးနှင့် ပြုမူပြောင်းလဲရေး ဆက်သွယ် ပညာပေး လူထုလှုပ်ရှားမှု စီမံချက် (Mask and Face Shield Campaign) ကို မြို့နယ်အတွင်း လူစည်ကားရာနေရာများတွင် ပြုလုပ်ခဲ့သည်။

ကျောက်တန်းမြို့ မြို့မဈေး သား ၊ငါး အရောင်းဆိုင်များတွင် ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေးအတွက်  သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချရေး ကွင်းဆင်း စစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်

ကိုဗစ်-၁၉ ရောဂါပျံ့ပွားမှုအား ကာကွယ် ထိန်းချုပ် တားဆီးနိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာထားသည့် ညွှန်ကြားချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချနိုင်ရေးနှင့် Maskစနစ်တကျ တပ်ဆင်ရောင်းချစေရေး အသိပညာပေးခြင်း များကို ရန်ကုန်တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့ နယ်ရှိ ဈေးရှိ အရောင်းဆိုင်များနှင့် လူစည်ကားရာ နေရာများတွင် ယနေ့နံနက် ၈ နာရီက  တာဝန်ရှိသူများမှ ဆောင်ရွက် လျက်ရှိ ကြောင်း သိရသည်။

စဉ့်ကိုင်မြို့နယ် ဗျင်္ညားလောကျေးရွာ၌ကိုဗစ်-၁၉ရောဂါ ကျန်းမာရေးအသိပညာပေး လုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊  ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် ကိုဗစ်-၁၉  ကူးစက်ရောဂါ ပိုးနှင့် အနံ့ပျောက်သူ အများဆုံးတွေ့ရှိသည့် ဗျင်္ညားလော ကျေးရွာ၌ ယနေ့နံနက် (၉)နာရီက အဆိုပါ ကျေးရွာအတွင်းရှ ိနေအိမ်များသို့ တစ်အိမ်တက်တစ်အိမ်ဆင်းလိုက်လံ၍ ကျန်းမာရေး  အသိပညာပေးလုပ်ငန်းများ  အရှိန်အဟုန်မြှင့်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

မိုင်းလုံမြို့တွင် မွေးကင်းစမှ အသက် (၁)နှစ်ခွဲအရွယ် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး တိုက်‌ ကျွေးထိုးနှံခြင်း ဆောင်ရွက်

မိုင်းလုံမြို့တွင် မွေးကင်းစမှ အသက် (၁)နှစ်ခွဲအရွယ် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး တိုက် ကျွေးထိုးနှံခြင်းကို ယမန်နေ့ နံနက် (၉)နာရီအချိန်ခန့်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့၊ တိုက်နယ်ကျန်းမာရေးဌာနတွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ခဲ့သည်။

ကိုဗစ်−၁၉ ရောဂါကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျေးရွာများတွင် မွေးစမှ အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးခြင်းလုပ်ငန်း ဆောင်ရွက်

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ကလေးငယ်များကျန်းမာသန်စွမ်းစေရန်နှင့် ကူးစက်ရောဂါ တို့မှ ကင်းဝေးစေရန်ရည်ရွယ်၍ ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်း လုပ်ငန်းများကို ယနေ့နံနက်ပိုင်းက တောင်စွန်း ကျေးရွာနှင့် ကမော့လဲ(မအဲ)ကျေးရွာ ကျေးလက် ကျန်းမာရေး ဌာနခွဲ၌ ဆောင်ရွက်ခဲ့သည်။
Subscribe to