မင်္ဂလာဒုံမြို့နယ်တွင် အလင်းရောင်ပြည်သူ့စာကြည့်တိုက် အဆောက်အဦအသစ်ဖွင့်ပွဲကျင်းပ

ရန်ကုန်မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ် အလင်းရောင်ပြည်သူ့စာကြည့်တိုက် အဆောက်အဦအသစ် ဖွင့်ပွဲအခမ်းအနား ကို ယနေ့နံနက် ၉ နာရီက ပေါက်ကုန်းရပ်ကွက် သုခလမ်းမပေါ်ရှိ အလင်းရောင် အဆောက်အဦ အသစ်ရှေ့၌ အလှူရှင် ပါမောက္ခချုပ်(ငြိမ်း) ဒေါက်တာနေစိုးမောင်က ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးခဲ့သည်။

နမ့်စန်မြို့နယ်တွင် ပဲပုတ်မျိုးစေ့ ထုတ်စိုက်ပျိုးမည့် တောင်သူများနှင့် နေကြာစိုက်ပျိုးမည့် တောင်သူများကို မြေဩဇာနှင့် မျိုးစေ့များ ထောက်ပံ့ပေးအပ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ပဲပုတ်မျိုးစေ့ထုတ်စိုက်ပျိုးမည့် တောင်သူများနှင့် နေကြာစိုက်ပျိုးမည့် တောင်သူများကို ပဲပုတ်မျိုးစေ့၊ နေကြာမျိုးစေ့နှင့် မြေဩဇာများ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီက အမှတ်(၅)ကျေးရွာအုပ်စု၊ အမှတ်(၁၀) ကျေးရွာအနီးရှိ ရေဆင်း(စပ်မျိုး-၁)နေကြာမျိုးစေ့ထုတ် စိုက်ခင်းတွင် ကျင်းပခဲ့ရာ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးလင်းအောင်ဆွေ၊ ရှမ်းပြည်နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ ပြည်နယ် ဦးစီးမှူး ဦးတင်ဦးနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ထန်းတပင်မြို့နယ်တွင် အသွားအလာကန့်သတ်စောင့်ကြည့်ရေးစင်တာသို့ ရောဂါကြိုတင် ကာကွယ်ရေးသုံး ပစ္စည်းနှင့် သောက်ရေသန့်ဘူးများလှူဒါန်း

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် အ.ထ.က(ခွဲ) အတွင်းရေကျော်အသွားအလာ ကန့်သတ်စောင့်ကြည့်ရေးစင်တာတွင် ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာ၌ အသုံးပြုနိုင်ရန်အတွက် ဒီဇင်ဘာလ(၆)ရက်နေ့၊ မွန်းလွဲပိုင်းက ရောဂါကြိုတင် ကာကွယ်ရေးသုံး ပစ္စည်းများနှင့် သောက်ရေသန့်ဘူးများကို ထန်းတပင်မြို့မ ပရဟိတ လူငယ်အဖွဲ့နှင့် အလှူရှင်များအဆိုပါ စင်တာသို့သွားရောက် လှူဒါန်းပေးခဲ့ကြကြောင်း သိရသည်။

တံတားဦးမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP)နှင့် မြစိမ်းရောင်ကျေးရွာ စီမံကိန်းဆောင်ရွက်မည့်ကျေးရွာများအား ကွင်းဆင်းတိုင်းတာ

ကျောက်ဆည်ခရိုင် တံတားဦးနယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာ နှစ်ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP)နှင့် မြစိမ်းရောင်ကျေးရွာ စီမံကိန်းဆောင်ရွက်မည့် ကျေးရွာများ ကွင်းဆင်း တိုင်းတာခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၁၀) နာရီက သူငယ်တော်ကျေးရွာသို့ ကွင်းဆင်းကာ ကျေးရွာအမှိုက်စွန့်ပစ်ရေးကို ညှိနှိုင်း ဆောင်ရွက်ကြပြီး  စီမံကိန်းဖြင့် ဆောင်ရွက်လိုသည့် လမ်းတစ်လျှောက် တိုင်းတာခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်းသိရသည် ။

ကျီခါးမြို့၌ Facility Quarantine Center အဆောက်အဦဆောက်လုပ်မှု ရာနှုန်းပြည့်ပြီးစီး

ချင်းပြည်နယ်၊ဖလမ်းခရိုင်၊ကျီခါးမြို့၌ ပြည်နယ်အစိုးရအဖွဲ့လူမှုရေး၀န်ကြီး ဦးပေါင်လွန်းမင့်ထန် ၏ စီစဉ်ပေးမှုဖြင့် နေရပ်ပြန်များ ထားရှိမည့်  Facility  Quarantine  Centerအဆောက်အဦကို ကျီခါးတိုက်နယ်ဆေးရုံအနီး၌ ဆောက်လုပ်လျက်ရှိရာ လက်ရှိတွင် လုပ်ငန်းဆောင်ရွက်မှု ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်ကြောင်းသိရသည်။

သန်လျင်၌ ပဲတီစိမ်းစိုက်ခင်းအတွင်း ဆီထွက်နေကြာသီးနှံညှပ်စိုက်ပျိုးနိုင်ရေး လက်တွေ့ သရုပ်ပြ စိုက်ပျိုးပေး

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကိုဗစ်- ၁၉ ကာလ စိုက်ပျိုးရေး လုပ်ငန်းများ အရှိန်လျော့ကြမသွားစေရေးအတွက် ဆောင်းသီးနှံဖြစ်သော ပဲတီစိမ်း စိုက်ခင်း အတွင်း ဆီထွက်နေကြာသီးနှံညှပ်စိုက်ပျိုးနိုင်ရေး လက်တွေ့သရုပ်ပြ စိုက်ပျိုး ပေးခြင်းအား ယမန်နေ့ နံနက် ၇ နာရီက သန်လျင်မြို့နယ် သူဌေးကွင်းကျေးရွာ၌ ပြုလုပ်သည်။

ငရုတ်ကောင်းမြို့ရှိ ပြည်သူများကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပွားစေရန် နှာခေါင်းစည်း (Mask) အခု (၅၀၀) ကျော် အခမဲ့ပေးဝေ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့ရှိ ပြည်သူများကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်စေရေးအတွက် အသွားအလာ များသည့် နေရာများဖြစ်သော မြို့မစျေး အတွင်း စျေးရောင်းချသူများနှင့်စျေးဝယ်ပြည်သူများ၊ လမ်းဆုံလမ်းခွများသို့ ယနေ့နံနက်၇နာရီက နှာခေါင်းစည်း(Mask) အခု ၅၀၀ ကျော်ကို အခမဲ့ပေးဝေခဲ့ကြောင်း သိရသည်။

ကျောင်းကုန်းမြို့ ကျန်းမာရေးဝန်ထမ်းအိမ်ယာ ကွန်ကရစ်လောင်းခြင်းလုပ်ငန်းအား တာဝန်ရှိ သူများ ကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ကျောင်းကုန်းမြို့နယ် ပြည်သူ့ကျန်းမာရေး ဝန်ထမ်းအိမ်ရာ ခြောက်ခန်းတွဲ လေးထပ်အဆောက်အဦး၏ ဒုတိယထပ် ကွန်ကရစ်လောင်းခြင်းလုပ်ငန်းသို့ ယနေ့နံနက်ပိုင်းက မြို့နယ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။

မင်းဘူးမြို့တွင် ပိုးတွေ့အတည်ပြုလူနာနှင့် ဆက်စပ်သူ (၅) ဦး ကိုဗစ်ပိုးတွေ့ရှိ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့တွင် ဒီဇင်ဘာ (၅)ရက်နေ့ ညပိုင်းက ပိုးတွေ့ အတည်ပြုလူနာနှင့် ဆက်စပ်သူ (၅)ဦးတွင် ကိုဗစ်ပိုးတွေ့ရှိခဲ့ပြီး စကုမြို့ ကံဦး သဘာဝတရား ရိပ်သာ Quarantine Centre တွင်  အသွားအလာ ကန့်သတ်ထားရှိသူများဖြစ်ကြောင်း မြို့နယ် Covid-19 ရောဂါကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးသိန်းဇော်ကံက အတည်ပြု ပြောကြားသည်။

လှိုင်မြို့နယ် ရွှေဟင်္သာစျေး တွင်ကိုဗစ်-၁၉ ရော ဂါကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေး အသိပညာပေး လူထုလှုပ်ရှားမှုများ (Mask & Face Shield Campaign)ဆောင်ရွက်

ကိုဗစ်-၁၉ရောဂါ ကာကွယ်ခြင်းဆိုင်ရာကျန်းမာ ရေးအသိပညာမြှင့်တင်ရေးနှင့် ပြုမူပြောင်းလဲ ဆက်သွယ်ပညာပေးလူထုလှုပ်ရှားမှု (Mask & Face shield Campaign) အား ယနေ့နံနက်(၈) နာရီက ရန်ကုန်အနောက်ပိုင်းခရိုင်၊လှိုင်မြို့ နယ်(၁၁)ရပ်ကွက်ရှိရွှေဟင်္သာစျေးတွင် ကိုဗစ်-၁၉ ကော်မတီဝင်များကအရှိန်အဟုန်မြှင့်ဆောင် ရွက်ခဲ့ကြသည်။
Subscribe to