မြန်အောင်မြို့ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးသတ်ရေကန်များအတွင်း ရေဖြည့်ခြင်းများ ဆောင်ရွက်

မြန်အောင်မြို့ မီးဘေးကြိုတင် ကာကွယ်ရေးအတွက် မီးသတ်ရေကန်များအတွင်း ရေဖြည့်ခြင်းများကို ယမန်နေ့ညနေက ဒေသပိုင်မီးသတ်အဖွဲ့များက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပိုင်ကျုံမြို့တွင် စက်သုံးဆီရောင်းဆိုင်များ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ပွင့်လင်းရာသီရောက်ပြီဖြစ်၍ ဒေသနေပြည်သူများ မီးသတိရှိစေရန်နှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရန်ရည်ရွယ်ပြီး စက်သုံးဆီဆိုင်များ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ယနေ့နံနက်ပိုင်းက တာ၀န်ရှိသူများ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ငွေဆောင် အ.ထ.က (Quarantine Centre) သို့ ရေသန့်ကတ်များ လာ​ရောက်လှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ အ-ထ-က ငွေဆောင် ကျောင်း (Quarantine Centre) ရှိ အသွားအလာ ကန့်သတ်ထားသူများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအတွက် ယမန်နေ့ နံနက် (၈) နာရီချိန်က ​​ရေသန့်ကတ်များ လာရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။

တကောင်းမြို့ Quarantine Centre တွင် ကျန်းမာရေးစောင့်ကြည့်ထားသူ (၄) ဦးအား RTD Test kit ဖြင့်စစ်ဆေးရာ အားလုံး Negative ဖြစ်ကြောင်း သိရှိရ

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ တကောင်းမြို့ ကိုဗစ်-၁၉ ကာကွယ်စောင့်ကြပ်ရေးအဖွဲ့ Quarantine Centre တွင် ဒီဇင်ဘာ (၄)ရက် နေ့က Quarantine ဝင်ရောက်ခဲ့သော ဖုန်ကုန်းကျေးရွာမှ မူဆယ်​​မြို့ပြန်(၄)ဦးတို့၏ နှားခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်တို့အား ယနေ့ မွန်းလွဲပိုင်းက RTD Test kit ဖြင့် စစ်ဆေးရာ အားလုံးပိုးမတွေ့ရှိရပဲ All Negative ဖြစ်ကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့ မဲသမူးကျေးရွာအုပ်စုရှိ မဲသမူး-မဲသမူးခီးကျေးရွာကိုဆက်သွယ်ထားသော မြေသားလမ်း ဖောက်လုပ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသနှင့်ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန (ပြည်နယ်) ခွင့်ပြုရန်ပုံငွေကျပ် (၇၃.၅၂၀)သန်းဖြင့် ရှမ်းရွာသစ်မြို့ မဲသမူး-မဲသမူးခီးကျေးရွာသို့ ဆက်သွယ်ထားသော မြေသားလမ်း (၂)မိုင်ဖောက်လုပ်လျက်ရှိကြောင်း သိရှိရသည်။

တာလေ၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ပူးပေါင်းစစ်ဆေးရေးဂိတ်အား နေရာရွှေ့ပြောင်းဆောင်ရွက်

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ် ထိန်းချုပ်နိုင်ရေး အတွက် ပူးပေါင်းစစ်ဆေးရေးဂိတ်အား မြို့အဝင်နတ်စင်နေရာသို့ ဒီဇင်ဘာလ ၂ ရက်က ရွှေ့ပြောင်းခဲ့ပြီး ယမန်နေ့တွင် ရောဂါစစ်ဆေးရေး လုပ်ငန်းများ အရှိန်မြှင့်တင် ဆောင်ရွက်လျက်ရှိသည်။

မိုင်းယောင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသည့် အမျိုးသားနှစ်ဦး စစ်ဆေးတွေ့ရှိ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသည့် အမျိုးသားနှစ်ဦး စစ်ဆေးတွေ့ရှိခဲ့ကြောင်း မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

မိုင်းယုမြို့၌ ဟိုခိုတံတားအနီးရှိ ကျန်းမာရေးစစ်ဆေးရေးဂိတ်မှ သွားလာခွင့်ကတ်ပြားနှင့် M.O ပါမှသာ အဝင်/ထွက် ခွင့်ပြုမည်

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ နယ်စပ်ဒေသ မိုင်းယုမြို့ ဟိုခိုတံတားအနီးရှိ ကျန်းမာရေး စစ်ဆေးရေးဂိတ်မှ ခရီးသွားလာသူများ သက်ဆိုင်ရာအုပ်စုအုပ်ချုပ်ရေးမှူး၏ သွားလာခွင့် ကတ်ပြားနှင့် ဌာနဆိုင်ရာဖြင့်ပါက M.O ပါမှသာ အဝင်/ထွက် သွားလာခွင့်ပြုမည်ဖြစ်ကြောင်း ယမန်နေ့ ညနေ ၅ နာရီခွဲခန့်က မြို့ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီမှ အသိပေးနှိုးဆော်ခဲ့သည်။

မိုင်းကိုင်မြို့နယ်၊ တောင်ပေါ်ဒေသ ကျေးရွာချင်းဆက် မြေသားလမ်း စတင်ဖောက်လုပ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်အတွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၌ နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ရှမ်းပြည်နယ်အစိုးရရန်ပုံငွေဖြင့် ကုံးလုံးကျေးရွာအုပ်စုနှင့် လွိုင်ကုန်ကျေးရွာအုပ်စုအတွင်းရှိ ကောင်းဖယ်- လုတ်ကန်း ကျေးရွာချင်းဆက် မြေသားလမ်းကို နိုဝင်ဘာလ ၂၁ ရက်နေ့မှစတင်၍ ဖောက်လုပ်လျက်ရှိသည်။

Microsoft Excel For Accounting နှင့် ငွေစာရင်းထိန်းသိမ်းနည်းသင်တန်း ဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ဝန်ထမ်းများအား ငွေစာရင်း ” ဌစ ” များကို သိရှိနားလည်ပြီး Microsoft Excel ဖြင့်စာရင်းများ မှန်မှန်ကန်ကန် မြန်ဆန်စွာ ပြုစုနိုင်ရန် ရည်ရွယ်၍ Microsoft Excel For Accounting နှင့် ငွေစာရင်း ထိန်းသိမ်းနည်း သင်တန်းကို Online စနစ်ဖြင့် သင်ကြားပို့ချ ပေးလျက်ရှိကြောင်း သိရသည်။
Subscribe to