လှိုင်းဘွဲမြို့နယ် ကွမ်တာအုပ်စု သဒီးခိုကျေးရွာတွင် ရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ်အကူအညီဖြင့် ဆောင်ရွက်နေသော လူထုဗဟိုပြုစီမံကိန်း(တတိယနှစ်စက်ဝန်း)တွင် ကွမ်တာကျေးရွာအုပ်စု၊ သဒီးခိုကျေးရွာ ရွာတွင်းကွန်ကရစ်လမ်း(အရှည် ၂၂၆၀ပေ x အကျယ် ၁၂ပေ x ထု ၆လက်မ)လုပ်ငန်းကို လူထုဗဟိုပြုစီမံကိန်းထောက်ပံ့ငွေ (၂၃,၇၀၀,၀၀၀)ကျပ်ဖြင့် အောက်တိုဘာလ ၂၀ရက်နေ့တွင် စတင်အကောင်ထည်ဖော်ဆောင်ရွက်ခဲ့ရာ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။