စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ပဲမျိုးစုံ ဧက(၆၈၇၀၆၆)ကျော် စိုက်ပျိုးပြီးစီး      

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၃၇)မြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ဆောင်းသီးနှံ စိုက်ပျိုးချိန်တွင် ပဲမျိုးစုံ (၆၈၇၀၆၆)ဧက စိုက်ပျိုးပြီးစီးခဲ့ပြီ  ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူး ဦးဝင်းလှိုင်ဦးထံမှ သိရသည်။

ကချင်ပြည်နယ် IDPs Camp (၃)ခုအားပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ ထောက်ပံ့ငွေ များ ပေးအပ်

ကချင်ပြည်နယ်အတွင်း မြစ်ကြီးနားခရိုင်အတွင်းရှိ IDPs Camp (၁)ခုနှင့် ဗန်းမော်ခရိုင် အတွင်းရှိ IDPs Camps (၂)ခုအား ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ ဒီဇင်ဘာ(၃)ရက် နှင့် (၄)ရက်နေ့များတွင် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။

ကျိုက်ဒုံမြို့တွင် Home Garden စိုက်ပျိုးမည့်တောင်သူများအား ဟင်းသီးဟင်းရွက်မျိုးစေ့များ ထောက်ပံ့ပေးအပ်

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျိုက်ဒုံမြို့ စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ယမန်နေ့ ညနေ(၃)နာရီခွဲက ပြည်နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသန်းထိုက်၊ ခရိုင်ဦးစီးမှူး ဒေါ်နော်သူးလေထီး၊ ကျိုက်ဒုံမြို့ စိုက်ပျိုးရေးဦးစီးမှူးနှင့်

မြန်မာနိုင်ငံခြေနီအသင်းမှ ပေါက်ခေါင်းမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်းများသို့ ခြေနင်း လက်ဆေးဘေစင်များလှူဒါန်း

မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ အခြေခံပညာအထက်တန်းကျောင်းများသို့ လှူဒါန်းသော ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အသုံးပြုရန် နှစ်ခုတွဲခြေနင်း လက်ဆေး ဘေစင် လှူဒါန်းပွဲကို ယမန်နေ့နံနက်ပိုင်းက ပေါက်ခေါင်းမြို့  မြို့နယ်ကြက်ခြေနီအဖွဲ့ ရုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

တနိုင်းမြို့နယ်မှ ပထမဆုံး ကိုဗစ်-၁၉ အတည်ပြုလူနာ(၁)ဦး ဆေးရုံဆင်းခွင့်ရရှိ

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် ပထမဆုံး ကိုဗစ်-၁၉ အတည် ပြုလူနာ ဖြစ်သည့် တနိုင်းမြို့နယ်မှ အသက် ၂၂ နှစ်အရွယ်ရှိ ရဲတပ်ဖွဲ့ဝင်(၁)ဦးသည် ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာန၏ ဆေးရုံဆင်းခွင့်ပြုရန် သတ်မှတ်ချက်များနှင့် ကိုက်ညီ၍ ဒီဇင်ဘာ ၄ ရက် နေ့လယ်ပိုင်းအချိန်က ဆေးရုံမှဆင်းခွင့်ရရှိကြောင်း သိရသည်။

ထန်းတပင်၌ နှာခေါင်းစည်းမတပ်ဆင်ထားသူများအား နှာခေါင်စည်း တပ်ဆင်သွားလာရေး လှုပ်ရှားမှု Mask Campaign ဆောင်ရွက်

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၌ ကိုဗစ်-၁၉ကူးစက်ရောဂါအား ကြိုတင်၍ ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် နှာခေါင်းစည်းမတပ်ဆင်ထားသူများအား နှာခေါင်းစည်း Mask များ တပ်ဆင်သွားလာရေးလှုပ်ရှားဆောင်ရွက်မှု Mask Campaign ကို ဒီဇင်ဘာလ (၆)ရက်နေ့ နံနက်ပိုင်းက ထန်းတပင်မြို့မစျေး၊ စျေးရှေ့နှင့် လမ်းဆုံကားဂိတ်တို့တွင် ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

ဒေါပုံမြို့နယ်တွင် နှာခေါင်းစည်းမဖြစ်မနေတပ်ဆင်ရေးလူထုလှုပ်ရှားမှုစီမံချက်အဖြစ် Mask  Campaign ကို အရှိန်အဟုန်မြှင့်ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန်နှင့် ကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေး အသိပညာပေးအဖြစ် ပါးစပ်နှင့် နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရေးလူထုလှုပ်ရှားမှု (Mask Campaign)  အရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်း ကို ယနေ့ နံနက်(၉)နာရီက ဒေါပုံဈေးနှင့် ရတနာဈေးတို့တွင် ပြုလုပ်ကြောင်း သိရသည်။

စစ်ကိုင်းမြို့နယ် ကျေးရွာ(၄)အုပ်စုအား ဒီဇင်ဘာ(၅)ရက်မှ(၁၈)ရက်ထိ အသွားအလာ ကန့်သတ် ထားရှိ

စစ်ကိုင်းမြို့နယ်တွင် နိုဝင်ဘာလဆန်းပိုင်းမှစ၍ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများ ကူးစက် ပြန့်ပွားမှု ကျယ်ပြန့်လာသဖြင့် ကျေးရွာ(၄)အုပ်စုအား ဒီဇင်ဘာ(၅)ရက်မှစ၍ ဒီဇင်ဘာ လ(၁၈)ရက်နေ့အထိ အသွားအလာကန့်သတ်ထားရှိခဲ့ကြောင်းကို မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှသိရသည်။

ဧရာ၀တီတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးမှ သာပေါင်းမြို့နယ် မီးသတ် စခန်းအား ကြည့်ရှုစစ်ဆေး

ဧရာ၀တီတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန၊ညွှန်ကြားရေးမှူးဦးအောင်ဆွေ၀င်း သည် သာပေါင်း မြို့နယ် မီးသတ်စခန်းသို့ ယနေ့ ဒီဇင်ဘာလ ၅ ရက် နံနက် ၈ နာရီခွဲက မြို့နယ် မီးသတ်စခန်းရုံးခန်း၌ မြို့နယ်မီးသတ်ဦးစီးမှူးနှင့်တပ်ဖွဲ့၀င်တို့အား တွေ့ဆုံခဲ့ကြသည်။

ကမာရွတ်မြို့နယ်တွင် ကိုဗစ် - ၁၉ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန် အတွက်  စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းများဆောင် ရွက်

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားမှုမရှိစေရေး အတွက် ကြိုတင်ကာကွယ် ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ နှာခေါင်းစည်း တပ်ဆင်ရေးနှင့် ပြည်သူများအန္တရာယ်ကင်းရှင်းစွာသွားလာနိုင်ရေးအတွက် အရေးကြီး ကိစ္စမှအပ မလိုအပ်ဘဲ ယာဉ်များပြင်ပသို့ အကြောင်းမဲ့သွားလာခြင်းမရှိစေရေး စစ်ဆေးခြင်းနှင့်  အသိပညာပေးဆောင်ရွက်ခြင်းကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to