ရမည်းသင်း ဒီဇင်ဘာ ၆
မြန်မာနိုင်ငံ ရင်ခွင့်မဲ့ရကလေးငယ်များလျော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေး အသင်း (ရမည်းသင်း) ဦးဆောင်၍ အမျိုးသမီးများ အပေါ်အကြမ်းဖက် မှုတိုက်ဖျက်ရေး(၁၆) ရက်တာ လှုပ်ရှားမှု ပိုစတာစိုက်ထူပွဲကို ဒီဇင်ဘာ ၆ ရက်နံနက်၉နာရီက ဝါတိုးအရှေ့ရပ်ကွက် လူမှုထူးချွန် စာကြည့်တိုက်ရှေ့၌ ကျင်းပပြုလုပ်သည်။
အဆိုပါအခမ်းအနားသို့ ရမည်းသင်းခရိုင် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးအုန်းသန်း၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်မင်းဟန်၊ ခရိုင်ရင်ခွင်မဲ့ ကလေးငယ်များ လျော့ချရေးနှင့် ကာကွယ် စောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ဦးဇော်မင်းစိုး၊ မြို့နယ်ရင်ခွင်မဲ့က လေးငယ်များ လျော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌနှင့် ဦးဆန်းဝဏ္ဏနှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ် အမျိုးသမီး ကော်မတီဝင်များမှ အမျိုးသမီးများ အပေါ်အကြမ်းဖက်မှုတိုက်ဖျက်ရေး(၁၆) ရက်တာ လှုပ်ရှားမှုပိုစတာ အားအမွေးနံ့သာရည်များဖျန်းပေးကြသည်။
ထို့နောက်အမျိုးသမီးများအပေါ်အကြမ်းဖက်မှုတိုက်ဖျက်ရေး(၁၆)ရက်တာ လှုပ်ရှားမှုအဖြစ် မြို့နယ် အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက္ မှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက်အဓိက မြို့မဈေး အတွင်းဈေးရောင်း၊ဈေးဝယ်သူပြည်သူများ နေအိမ်ပြင်ပ သွားလာသူများအား နှာခေါင်းစည်း (Mask) တပ်ဆင်သွားလာစေရန် Mask Campaign ပြုလုပ်ခြင်းကို ရမည်းသင်း ခရိုင်နှင့်မြို့နယ် ရင်ခွင်မဲ့ ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေး အသင်းဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်အမျိုးသမီး ကော်မတီတို့ ပူးပေါင်းပြီး ယခုလို နှာခေါင်းစည်း (၁၀၀၀)ဝေငှကာ အသိပညာများ စဉ်ဆက် မပြတ်ပေးရခြင်းဖြစ်ကြောင်း မြို့နယ်ရင်ခွင်မဲ့ ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ် စောင့်ရှောက်ရေး အသင်းဥက္ကဋ္ဌ ဦးဆိုင်းဝဏ္ဏက ပြောသည်။
ဇော်ဝင်းအောင် (ခရိုင်ပြန်/ဆက်)