မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲ ဆောင်ရွက်

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာနခန်းမ၌ ယမန်နေ့က မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး  ခေါင်းစဉ်ဖြင့် ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ Talk Show ဆွေးနွေးပွဲ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

မိတ္ထီလာမြို့နယ် လွန်ငင်ကျေးရွာတွင် မွမ်းမံရန်ပုံငွေဖြင့် မြေသားရေကန် ပြန်လည်တူးဖော်

မိတ္ထီလာမြို့နယ် အင်းကျေးရွာအုပ်စု လွန်ငင်ကျေးရွာတွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် မွမ်းမံရန်ပုံငွေ ကျပ် ၉.၇ သန်းဖြင့် ဒီဇင်ဘာလ ၂ ရက်နေ့မှ စတင်၍ မြေသားရေကန် ပြန်လည်တူးဖော်ဆောင်ရွက် လျက်ရှိကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

ဝမ်းတွင်းမြို့နယ်၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် မြို့နယ်အတွင်းရှိ ကျေးရွာအားလုံး ၁၀၀ ရာခိုင်နှုန်း လျှပ်စစ်မီးလင်း တော့မည်

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် မြို့နယ်အတွင်းရှိ ကျေးရွာအားလုံး ၁၀၀ ရာခိုင်နှုန်း လျှပ်စစ်မီးလင်းတော့မည်ဖြစ်ကြောင်း မြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှ သိရသည်။

မိုင်းပျဉ်းမြို့တွင်းရှိ စားသောက်ဆိုင်များအား ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ်နိုင်ရေး ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင်းရှိ စားသောက်ဆိုင်များအား ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များ နှင့်အညီ ဖွင့်လှစ်နိုင်ရေးအတွက် တာဝန်ရှိသူများက ယမန်နေ့နံနက် ၁၀နာရီခွဲက ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တောင်ကြီးမြို့၌ သမဝါယမအသင်းသားများအား ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း သက်သာငွေ ထောက်ပံ့ပေးအပ်

ရွှေမြို့မ ဝန်ဆောင်မှုနှင့် အထွေထွေရောင်းဝယ်ရေး သမဝါယမအသင်းလီမီတက်၏ ၂၀၁၉ခုနှစ် ပထမ(၆)လနှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း ကျင်းပနိုင်ခြင်း မရှိသောကြောင့် အသင်းသားများ၏ နေထိုင် စားသောက်မှုကို အထောက်အကူပြုနိုင်ရေးအတွက် သက်သာထောက်ပံ့ငွေ အစုပေါ်အချိုးကျ ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့နံနက် ၉ နာရီက တောင်ကြီးမြို့၊ မြို့မရပ်ကွက်၊ တူးမြောင်းလမ်းနှင့် တောင်ကျောင်းလမ်းဒေါင့်ရှိ သမဝါယမအသင်းရုံးတွင် ကျင်းပကြောင်း သိရသည်။

နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဆွမ္မရာမြို့တွင် ကိုဗစ်-၁၉‌ရောဂါ ကာကွယ်တားဆီးရေးဂိတ် တိုးချဲ့ဖွင့်လှစ် ဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆွမ္မရာမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်တာဆီးရေး မြို့အဝင် ဂိတ်ကို တိုးချဲ့ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

နာဂဒေသ၊ လဟယ်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်တီမှ ကျန်းမာရေး စစ်‌ဆေးရေးဂိတ်(၁)ခု တိုးမြင့်ဆောင်ရွက်ရန် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် မြို့နယ်အဆင့် ကိုဗစ်-၁၉ရောဂါ တားဆီး ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်တွင် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

အိမ်မဲမြို့နယ်တွင် ကလေးသူငယ်များ အခွင့်အရေးဆိုင်ရာကော်မတီ (TCRC)လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ရွှေပြည်တန်ခန်းမတွင် ကလေးသူငယ်များ အခွင့်အရေးဆိုင်ရာကော်မတီ (TCRC)လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

မိုးညိုမြို့နယ်၊ မိုးသီတာကျေးရွာတွင် ဆောင်းသီးနှံ ပိုးမွှားရောဂါ ကျရောက်နိုင်မှု တောင်သူပညာပေး ဆွေးနွေးပွဲပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ပေါက်ကုန်းအုပ်စု၊ မိုးသီတာကျေးရွာရှိ မဟာဗောဓိကျောင်းတိုက် ဓမ္မာရုံ၌ ယမန်နေ့မွန်းလွဲ ၁ နာရီခွဲအချိန်တွင် ဆောင်းသီးနှံ ပိုးမွှားရောဂါ ကျရောက်နိုင်မှု တောင်သူပညာပေး ဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။

မျိုးကောင်းမျိုးသန့် စပါးမျိုးရရှိရန်အတွက် လေမှုတ်စက်သုံး၍ရွေးချယ်သန့်စင်

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ကျောက်ထုမြို့ စိုက်ပျိုးရေးဦးစီးဌာန၏ အစီအစဉ်ဖြင့် ယခုနှစ် မိုးရာသီတွင် စိုက်ပျိုးထားသော (RS) မျိုးစပါးမှ (CS)အဆင့် ဆင်းသုခ မျိုးစပါးများ စိုက်ပျိုးကြရာ စပါးခင်းများ ရင့်မှည့်နေပြီ ဖြစ်သည့်အတွက် ရိတ်သိမ်းလျက်ရှိပြီး စိုက်ပျိုးရေး ဦးစီးဌာနကလည်း အထွက်နှုန်း ရရှိနိုင်ရန် စံကွက်ရိတ်သိမ်းခြင်းဖြင့် မှတ်တမ်းပြုလုပ်ရာ တစ်ဧက အထွက်နှုန်း တင်း ၁၀၀ ထွက်ရှိကြောင်း သိရသည်။
Subscribe to