ဗန်းမောက်မြို့ ဘုရာကြီးကွက်သစ် လမ်းသွယ်နှစ်ခု ဒေသခံပြည်သူများ အဆင်ပြေစွာ သွားလာနိုင်ရေး ကျောက်ချောလမ်း ခင်းကျင်းဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ် စည်ပင်သာယာရေးကော်မတီမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဘုရားကြီးကွက်သစ် လမ်းသွယ် (၁)နှင့် လမ်းသွယ်(၂) ကျောက်ချောလမ်းခင်းကျင်း အရှည်ပေ (၁၆၀၀)ပေအား ရပ်ကွက်နေပြည်သူများ ရာသီမရွေး သွားလာနိုင်ရန်အတွက် ကျောက်ချောလမ်းအဖြစ် စတင်ခင်းကျင်းခြင်းလုပ်ငန်းကို ယမန်နေ့စတင်ပြီး အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိကြောင်း မြို့နယ်စည်ပင်သာယာ‌ရေးကော်မတီ အမှုဆောင်အရာရှိ ဦးနေလင်းသိန်းထံမှ သိရသည်။

မင်းဘူးမြို့(စကု)မြို့နယ်တွင် A အဆင့်သတ်မှတ်ထားသော စားသောက်ဆိုင်ပေါင်း (၆၉)ဆိုင်ကို ဆိုင်ထိုင်စနစ်ဖြင့် ပြန်လည်ရောင်းချခွင့်ပြု

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် စည်ပင်သာယာရေးနယ်နိမိတ်အတွင်း ရောင်းချနေသော စားသောက်ဆိုင်များထဲမှ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ စည်းကမ်း သတ်မှတ်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ပြင်ဆင်ထားရှိပြီး A အဆင့် သတ်မှတ်ထားသော စားသောက်ဆိုင် (၆၉)ဆိုင်ကို ယမန်နေ့က ပြန်လည်ရောင်းချခွင့်ပြုခဲ့ပြီး ယနေ့နံနက်ပိုင်းက အဆိုပါဆိုင်များကို သက်ဆိုင်ရာတာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ခင်ဦးမြို့၌ (A)အဆင့် သတ်မှတ်ထားသည့် စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များအား ရှောင်တခင်စစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့၌ ဆိုင်ထိုင်စားသောက်ဖွင့်လှစ်နိုင်ရန် (A) အဆင့်သတ်မှတ် ထားသည့် စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ယနေ့ နံနက်ပိုင်းက ရှောင်တခင် စစ်ဆေးခဲ့သည်။

ငါန်းဇွန်မြို့နယ်တွင် ဈေးရောင်းဈေးဝယ်နှင့် ခရီးသွားပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေး Mask Campaign ပြုလုပ်

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် မြို့သာကျေးရွာအုပ်စု မြို့သာအရှေ့ကျေးရွာတွင် ယနေ့နံနက် ၈ နာရီအချိန်က မြို့သာစည်ပင်သာယာဈေးအတွင်းနှင့် ပတ်ဝန်းကျင်ရှိ ဈေးရောင်းဈေးဝယ်နှင့် ခရီးသွား ပြည်သူများအာ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးအတွက် မြို့နယ်အုပ်ချုပ်ရေးမှူး ဉီးဆောင်အဖွဲ့မှ Mask Campaign ပြုလုပ်ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

မတ္တရာမြို့နယ်၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှုအဖြစ် Mask များ ပေးဝေ

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး လှုပ်ရှားမှု အဖြစ် နှာခေါင်းစည်းများ ဖြန့်ဝေခြင်းကို ယနေ့ နံနက် ၈ နာရီက မြို့မစျေးကြီးတွင် ဆောင်ရွက်ခဲ့သည်။

ရန်ကုန်နှင့် စစ်တွေသို့ Volunteer အဖြစ် တစ်လကျော် သွားရောက် တာဝန်ထမ်းဆောင်သော သူနာပြုဆရာ၊ ဆရာမ များအား ကြိုဆို

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုဘိုမြို့မှ ကိုဗစ်-၁၉ ကုသရေးအတွက် ရန်ကုန်နှင့်စစ်တွေသို့ စေတနာ့ ဝန်ထမ်းအဖြစ် သွားရောက် တာဝန်ထမ်းဆောင်ခဲ့ကြသည့် အထက်တန်း သူနာပြုဆရာ၊ ဆရာမများသည် ယမန်နေ့ ညပိုင်းက ပြန်လည် ရောက်ရှိလာခဲ့ကြောင်း သိရသည်။

မိုင်းပန်မြို့တွင် သာယာလှပ အထင်ကရနေရာ တစ်နေရာအဖြစ် တိမ်ပင်လယ်ဟု ထပ်မံတိုးလာ

အေးချမ်းသည့် ယခုခါသမယ၌ ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် သာယာလှပ အထင်ကရ နေရာအဖြစ် တိမ်ပင်လယ်ရှုခင်းသာ တစ်နေရာထပ်မံပေါ်ပေါက် တိုးလာခဲ့ကြောင်း သိရသည်။

ဖိုလ်ဝင်တောင်ကျေးရွာရှိ မျောက်စာရောင်းချခြင်း လုပ်ငန်းလုပ်ကိုင်သည့် အိမ်ထောင်စုများအား အခြေခံစားသောက်ကုန်နှင့် mask များ ထောက်ပံ့ပေးအပ်လှူဒါန်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ် မင်းဇူးကျေးရွာအုပ်စု ဖိုလ်ဝင်တောင်ကျေးရွာမှ အိမ်ထောင်စု(၁၀၀)အတွက် ယမန်နေ့ နံနက် ၉ နာရီခွဲက နဂါနီဓမ္မာရုံ၌ အခြေခံစားသောက်ကုန်များနှင့် mask များကို ထောက်ပံ့ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

မြိတ်မြို့ ဆိပ်ငယ်ဈေးကြီး မီးဘေးကြိုတင်ကာကွယ်ရေး မီးငြိမ်းသတ် ဇာတ်တိုက်လေ့ကျင့်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ ဆိပ်ငယ်ရပ်ကွက်ရှိ ဆိပ်ငယ်ဈေးကြီးတွင် မီးဘေးကြိုတင် ကာကွယ်ရေး၊ ဈေးအတွင်း တပ်ဆင်ထားသော မီးသတ်ပစ္စည်းကိရိယာများ၏ စွမ်းဆောင်နိုင်မှု အခြေအနေ သိရှိနိုင်ရန်နှင့် အရေးပေါ်ဖြစ်ပွားပါက မီးသတ်တပ်ဖွဲ့မှ လွယ်ကူစွာ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ချက်ဖြင့် မီးငြိမ်းသတ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းနှင့် ဈေးမီးဘေးလုံခြုံရေး စစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။
Subscribe to