မေတ္တာဖွံ့ဖြိုးရေးဖောင်းဒေးရှင်းနှင့် Light House Social Development Organization, Ayarwaddy မှ Quarantine Center များတွင်အသုံးပြုရန် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးသုံး ပစ္စည်းများလှူဒါန်း

မြန်အောင်  ဒီဇင်ဘာ ၁၁

မေတ္တာဖွံ့ဖြိုးရေးဖေါင်းဒေးရှင်းနှင့်  Light House Social Development Organization, Ayarwaddy တို့မှ မြန်အောင်မြို့နယ်အဆင့် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ Quarantine Center များတွင် အသုံးပြုရန် တစ်ကိုယ်ရည်သုံးပစ္စည်းများ၊ PPE ဝတ်စုံများ၊ N95 များနှင့်ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးသုံးပစ္စည်းများကို ယနေ့နေ့လယ်က မြန်အောင်မြို့ အထွေထွေအုပ် ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

မေတ္တာဖွံ့ဖြိုးရေးဖောင်းဒေးရှင်းနှင့် Light House Social Development Organization, Ayarwaddy မှ ဥက္ကဋ္ဌ ဦးမိုး၊ ဒုတိယဥက္ကဋ္ဌ ဦးကျော်ထက်၊ မြန်အောင်မြို့နယ်တာဝန်ခံ ဒေါ်ခိုင်ဇာလွင်၊ ဦးဇင်လင်းမောင်တို့က  မြန်အောင်မြို့နယ်အဆင့် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးချိုချိုထံသို့  Quarantine Center များတွင် အသုံးပြုရန် တစ်ကိုယ်ရည်သုံးပစ္စည်းများ၊ PPE ဝတ်စုံများ၊ N95 Maskများနှင့် ကိုဗစ်-၁၉ ရောဂါ ကာ ကွယ်ရေးသုံး ပစ္စည်းများပေးအပ်လှူဒါန်းခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြသည်။

ဝင်းဗိုလ် (ပြန်/ဆက်)