မဟာအောင်မြေ မတ် ၂၂
မန္တလေးတိုင်းဒေသကြီး၊ ကိုယ်ပိုင်ကျောင်းများအသင်း၊ Mandalay Region Private Schools Association(MRPSA) ၏ သင်းလုံးကျွတ်မျက်နှာစုံညီ အစည်းအဝေးနှင့် အမှုဆောင်သစ် ရွေးချယ်တင်မြှောက်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက Y Mandalay Hotel တွင် ကျင်းပသည်။
ဦးစွာ မန္တလေးတိုင်းဒေသကြီး အတွင်းရေးမှူးဒေါ်နန်းမေလွင်ကျော်က အသင်း၏ ဆောင်ရွက်ချက်များကို အစီရင်ခံတင်ပြပြီး ဘဏ္ဍာရေးမှူး ဒေါ်စုရွှေစင်က ဘဏ္ဍာရေးဆိုင်ရာ ငွေစာရင်းရှင်းတမ်းတင်ပြခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး၊ (ကိုယ်ပိုင်ကျောင်းများ ကြီးကြပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ) ဦးအောင်ကျော်မိုးက အမှာစကားပြောကြားခြင်းပြီး လက်ရှိတာဝန် ထမ်းဆောင်လျက်ရှိသော ကိုယ်ပိုင်ကျောင်းများအသင်းကြီး၏ အလုပ်အမှုဆောင်များနှင့် ဧည့်သည်တော် လူကြီးမင်းများနှင့် မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့သည်။
၂ဝ၂၆ ခုနှစ်၊ MRPSA အသင်းအမှုဆောင်သစ် ရွေးချယ်ပွဲကိုကျင်းပပြီးနောက် မန္တလေးတိုင်း ဒေသကြီး ကိုယ်ပိုင်ကျောင်းများအသင်းဥက္ကဋ္ဌ ဒေါ်မြသွေးရည်က အသင်းကြီး၏ လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြပြီး မန္တလေးတိုင်းဒေသကြီး ကိုယ်ပိုင်ကျောင်းများ အသင်းကြီး၏ အကြံပေးပုဂ္ဂိုလ်၊ CAE ကိုယ်ပိုင်အထက်တန်းကျောင်း တည်ထောင်သူ ဆရာမကြီး ဒေါ်နှင်းနှင်းမော်ကအသင်းကြီး၏ အစဉ်အလာများကို ရှင်းလင်းပြောပြီး အသင်းကြီးတွင် ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ခဲ့ကြသည့် ဆရာကြီး၊ဆရာမကြီးများအား အမှတ်တရ ဂုဏ်ပြုလက်ဆောင်များကို အသင်းဥက္ကဋ္ဌ ဒေါ်မြသွေးရည်က ပေးအပ်ခဲ့သည်။
ဆက်လက်ပြီးအမှုဆောင်အသစ်ရွေးချယ်ခဲ့ရာ အမှုဆောင်သစ်အဖွဲ့တွင် ဥက္ကဋ္ဌ ဒေါ်မြသွေးရည်၊ အတွင်းရေးမှူး ဦးအောင်ပြည့်စုံ၊ ဘဏ္ဍာရေးမှူး ဒေါ်စိုးစိုးခိုင်၊ စာရင်းစစ် ဒေါ်နန်းသင်းသင်း၊ ပြန်ကြားရေး ဒေါ်သီတာနိုင်တို့ကို ရွေးချယ်ခဲ့ကြောင်း သိရသည်။
အောင်ဇော်မင်း