ကျောက်ပန်းတောင်းမြို့တွင် အဆုပ်ရောင်ရောဂါ coronavirus နှင့်ပတ်သက်၍ ကူးဆက်နိုင်ချေ ရှိသည့် နည်းလမ်းများ သံသယဖြစ်ဖွယ် ရောဂါလက္ခဏာများနှင့် ကာကွယ်နိုင်မည့် နည်းလမ်း များအား အသိပေးရှင်းလင်း
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့တွင် အဆုပ်ရောင်ရောဂါ coronavirus နှင့်ပတ်သက်၍ ကူးဆက်နိုင်ချေရှိသည့် နည်းလမ်းများ၊ သံသယဖြစ်ဖွယ် ရောဂါလက္ခဏာ များနှင့် ကာကွယ်နိုင်မည့်နည်းလမ်းများအား အသိပညာပေး ရှင်းလင်းပွဲကို၊ ယမန်နေ့၊ နံနက်(၁၀)နာရီက မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး၊ စကားဝါမြေခန်းမတွင်ပြု လုပ်ခဲ့ကြောင်း သိရသည်။