ကလေးစာပေပွဲတော် (ကျုံပျော်) ပထမနေ့တွင် စာအုပ်၊ စာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲ၌ လာရောက်ဖတ်ရှုလေ့လာသူများနှင့်စည်ကားလျက်ရှိ
ကျုံပျော် ဇန်နဝါရီ ၁၀
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်စီမံခန့်ခွဲမှု ကော်မတီတို့ ပူးပေါင်းကျင်းပသော (ကျုံပျော်) ကလေးစာပေပွဲတော်ကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့ နံနက် (၉) နာရီအချိန်က စတင်ကျင်းပရာ စာအုပ်စာပေပြပွဲနှင့် စာအုပ်စျေးရောင်းပွဲ၌လာရောက် ဝယ်ယူဖတ်ရှုလေ့လာသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။