စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်တွင်း ဒေသခံပြည်သူများနှင့် ကလေးငယ်များတွင် ဗိုင်းရပ်စ်ရောဂါပိုးနှင့် ပတ်သက်ပြီး ဖြစ်ပွားသည့် ၀မ်းပျက်၀မ်းလျှောရောဂါ ဖြစ်ပွားမှုများကင်းဝေးစေရန်အတွက် မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ပုံမှန်ကာကွယ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ကိုရိုနာဗိုင်းရပ်(စ်) (အဆုတ်ရောင်ရောဂါ)ကြိုတင်ကာကွယ်ရေး ကျန်းမာရေး အသိပညာပေး ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ပြုလုပ်သည်။

ချောင်းဦးမြို့၌ ပုံမှန် ကာကွယ်ဆေးထိုးလုပ်ငန်းတွင် ပြင်းထန် ၀မ်းပျက်၀မ်းလျှော(Rota Virus) ကာကွယ်ဆေး စတင်ထည့်သွင်း တိုက်ကျွေးခြင်း အသိပေးရှင်းလင်း ဆွေးနွေးပွဲ ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်တွင်း ဒေသခံပြည်သူများနှင့် ကလေးငယ်များတွင် ဗိုင်းရပ်စ်ရောဂါပိုးနှင့် ပတ်သက်ပြီး ဖြစ်ပွားသည့် ၀မ်းပျက်၀မ်းလျှောရောဂါ ဖြစ်ပွားမှုများကင်းဝေးစေရန်အတွက် မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းတွင် ပြင်းထန် ၀မ်းပျက်၀မ်းလျှော(Rota Virus) ကာကွယ်ဆေးစတင်ထည့်သွင်းတိုက်ကျွေးခြင်း အသိပေးရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက်(၁၁)နာရီက ချောင်းဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ် ကျေးလက်ဒေသဖွံဖြိုးရေးနှင့် ဆင်းရဲမှုလျော့ချရေး ရန်ပုံငွေပေးအပ်

ကရင်ပြည်နယ် ကော့ကရိတ်မြို့တွင် ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ် ကျေးလက်ဒေသဖွဲ့ဖြိုးရေးနှင့် ဆင်းရဲမှုလျော့ချရေး ရန်ပုံငွေ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက ကော့ကရိတ် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ သည်။

သတင်းအချက်အလက်နည်းပညာ စီမံခန့်ခွဲမှု မွမ်းမံသင်တန်း (MIS Refresher Training) ဖွင့်ပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လူထုဗဟိုပြု စီမံကိန်းမှ သတင်းအချက်အလက်နည်းပညာ စီမံခန့်ခွဲမှုမွမ်းမံသင်တန်း (MIS Refresher Training) ကို ယမန်နေ့နံနက် (၉) နာရီက လူထုဗဟိုပြုစီမံကိန်းရုံးတွင် ပြုလုပ်ကျင်းပခဲ့သည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းရှိ ရှေးဟောင်းအဆောက်အအုံများအား သန့်ရှင်းရေးဆောင်ရွက်လျက်ရှိ

ရှေးဟောင်းသုတေသနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲ၊ ယဉ်ကျေးမှုနယ်မြေ လုံခြုံရေး ဌာနစိတ်မှ ကြီးကြပ်၍ ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေအတွင်းရှိ ဘုရား၊ စေတီ၊ ပုထိုး၊ အုတ် ကျောင်း စသည်တို့အား ၂၀၁၉ခုနှစ် ဇန်နဝါရီ ပထမပတ်မှစ၍ Area-a, Area-B ,Area-C, Area-D အပိုင်းလေးပိုင်း သတ်မှတ်ပြီး သန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ Area-C အတွင်းရှိ ဘုရား (၆၃၇)ဆူခန့်ကို (၁/၂၀၁၉)မှ(၃/၂၀၁၉)အထိ သုံးလသန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ Area –A အတွင်းရှိ ဘုရား(၃၈၇)ဆူခန့်ကို (၆/၂၀၁၉)မှ (၈/၂၀၁၉)အထိ သုံးလ သန့်ရှင်းရေး ဆောင်ရွက်ခံခြင်းနှင့် Area-B အတွင်းရှိ ဘုရား(၄၂၀)ဆူခန့်ကို (၉/၂၀၁၉)လမှ (၁၁/၂၀၁၉)လအထိ သန့်ရှင်းရေး သုံးလ ဆောင်ရွက်ခဲ့သည့် အ​ခြေအနေများကို သန့်ရှင်းရေး ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီမှ ကွင်းဆင်း စိစစ်ရေးအဖွဲ့များ ဖွဲ့စည်း၍ ကွင်းဆင်းကြည့်ရှု စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲ၊ ထိန်းသိမ်းရေး ဌာနစုမှ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးစိုးလင်းထံက သိရသည်။

ကျေးလက်ဒေသဖွံ့ဖြိုးရေး ပြည်သူများနှင့်တွေ့ဆုံ

လှိုင်းဘွဲ     ဇန်နဝါရီ ၁၁

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် အင်းနို့သိပ္ပံကျေးရွာအုပ်စု ထောရွဲကျေးရွာ၌ ကရင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများသည် ယမန်နေ့က ကျေးလက်နေ ပြည်သူများနှင့် သွားရောက်တွေ့ဆုံ၍ လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

စေတုတ္တရာမြို့နယ်၊ ပုပိုင်းကျေးရွာ အခြေခံပညာ မူလွန်ကျောင်းတွင် “အနာဂတ်ကြယ်” ကျောင်းစာကြည့်တိုက် ဖွင့်လှစ်

စေတုတ္တရာ ဇန်နဝါရီ ၁၂

                                                                                                          

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၊ ပုပိုင်းကျေးရွာအခြေခံ ပညာမူလွန်ကျောင်း၌ ကျောင်းသား/ကျောင်းသူများ စာအုပ်စာပေများ အလွယ်တကူဖတ်ရှုလေ့လာနိုင်စေရန် ရည်ရွယ်၍ ယနေ့နံနက် (၁၀) နာရီအချိန်တွင်  “အနာဂတ်ကြယ်” ကျောင်းစာကြည့်တိုက်ဖွင့်ပွဲအခမ်းအနားကို အဆိုပါ စာကြည့်တိုက်ရှေ့၌ ကျင်းပပြုလုပ်ခဲ့သည်။

ပွင့်ဖြူမြို့ စိုက်ပျိုးရေးသိပ္ပံကျောင်းတွင် ပဉ္စမအကြိမ်မြောက် စိုက်ပျိုးရေးဒီပလိုမာအောင်လက်မှတ် ပေးအပ်ပွဲကျင်းပ

ပွင့်ဖြူ  ဇန်နဝါရီ  ၁၂

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့ စိုက်ပျိုးရေးသိပ္ပံကျောင်းတွင် ၂၀၁၈ - ၂၀၁၉ ပညာသင်နှစ်အတွက် စိုက်ပျိုးရေးဒီပလိုမာအောင်မြင်သော ကျောင်းသားကျောင်းသူများအား ပဉ္စမအကြိမ်မြောက် ဒီပလိုမာအောင်လက်မှတ်ပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါ ပွင့်ဖြူမြို့စိုက်ပျိုးရေးသိပ္ပံကျောင်းရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

ဟားခါး၌ တရားစီရင်ရေးကျင့်ဝတ်များဆိုင်ရာ သင်တန်းဖွင့်ပွဲကျင်းပ

ဟားခါး ဇန်နဝါရီ ၁၂

ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့်ဒိန်းမတ်−မြန်မာပူးပေါင်းဆောင်ရွက်သည့် တရားစီရင်ရေးကျင့်ဝတ်များဆိုင်ရာ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲက ဟားခါးမြို့ CACC ခန်းမ၌ ကျင်းပသည်။

ရမည်းသင်းမြို့နယ် ကန်ထက်ကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာနခွဲ အဆောက်အဦဖွင့်ပွဲ ကျင်းပ

ရမည်းသင်း   ဇန်နဝါရီ   ၁၂

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ ကန်ထက်ကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာနခွဲ အဆောက်အဦဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲက ကျင်းပပြုလုပ်သည်။

Subscribe to