စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်း (Book Club)၏ စာဖတ်ဝိုင်းမြို့သစ်တွင်ကျင်းပ

မြို့သစ် ဖေဖေါ်ဝါရီ  ၁

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူအသင်း (Book Club) အဖွဲ့တို့ ပူးပေါင်း၍ ဆောင်းပါးရှင် မောင်သောင်းဝင်း (တမန်ဟောင်း)၏ “  ပြည်ထောင်စုနေ့ဆိုသည်မှာ ” ဆောင်းပါးဖြင့် စာဖတ်ဝိုင်း ကို ယမန်နေ့ မွန်းလွဲ (၁) နာရီက  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊   ပြည်သူ့ စာကြည့်တိုက်ခန်းမ၌  ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းတွင်   မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ဝင်းအိဇွန်က စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ပြောကြား၍ စာအုပ်စာစောင် ချစ်မြတ်နိုးသူအသင်း (Book Club) အဖွဲ့ဝင်များက ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ၊ ပြည်ထောင်စု စိတ်ဓာတ်အကြောင်းများကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

ထို့နောက် စာဖတ်ဝိုင်းသို့ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက ပြည်ထောင်စုနေ့နှင့် ပတ်သက်သည့် အကြောင်းအရာများကို ဆွေးနွေးမေးမြန်းရာ စာအုပ်စာစောင် ချစ်မြတ်နိုးသူအသင်း (Book Club) အဖွဲ့ဝင်များက ပြန်လည် ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

ဝင်းအိဇွန်(ပြန်/ဆက်)