ငါန်းဇွန်မြို့နယ် တောင်ရွာဘိုကျေးရွာ အ.မ.က၌ နံရံကပ်စာစောင်၊ ဓာတ်ပုံ၊ စာအုပ်စာစောင်ပြပွဲနှင့် အသိပညာပေး ဆွေးနွေးဟောပြောပွဲ ကျင်းပ
ငါန်းဇွန် ဇန်နဝါရီ ၁၁
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများသည် ရွာဘိုကျေးရွာအုပ်စု၊ တောင်ရွာဘိုကျေးရွာ အခြေခံပညာ မူလတန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေရေး၊ စာဖတ်သည့်အလေ့အထ၊ အလေ့အကျင့်ကောင်းများ ရရှိစေရေးအတွက် ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲက နံရံကပ်စာစောင်၊ ဓာတ်ပုံ၊ စာအုပ်စာစောင်ပြပွဲ နှင့် အသိပညာပေး ဆွေနွေးဟောပြောပွဲ ကျင်းပသည်။