ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်ရုံး (သင်္ဃန်းကျွန်း) တွင် ဗွီဒီယိုသတင်းရိုက်ကူး တည်းဖြတ်ပေးပို့နည်း ဆင့်ပွားပို့ချ

ရန်ကုန် ဖေဖော်ဝါရီ ၁

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံး(သင်္ဃန်းကျွန်း)တွင် ဗွီဒီယိုသတင်းရိုက်ကူးတည်းဖြတ် ပေးပို့နည်း ဆင့်ပွားပို့ချမှုအား ယမန်နေ့ နံနက်(၁၀)နာရီအချိန်မှ စတင်ကာ ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ လူထု အခြေပြုဗဟိုဌာန (Community Centre) တွင် ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ရန်ကုန်အရှေ့ပိုင်းခရိုင် ဦးစီးအရာရှိ ဒေါ်ရီရီလွင်က သတင်းများပေးပို့ရာတွင် သတင်းစာ သား များဖြင့်ပေးပို့ခြင်းအပြင် ဗွီဒီယိုသတင်းရိုက်ကူးပေးပို့နိုင်ရန်အတွက် ဝန်ထမ်းအားလုံးစိတ်ပါဝင်စား လေ့လာကြရန်၊ ထိုကဲ့သို့ သတင်းများ ရိုက်ကူးရာ တွင်လည်း သတင်းအရည်အသွေးများကောင်းမွန်မှုရှိရန်နှင့် သတင်းသမား ပီသစွာ မီဒီယာကျင့်ဝတ်နှင့်အညီ သတင်းများရယူဆောင်ရွက်သွားကြရန်ပြောကြားခဲ့သည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးရုံးတွင် ဖွင့်လှစ်ခဲ့သည့် ဗွီဒီယိုသတင်းရိုက်ကူးတည်းဖြတ်ပေးပို့ နည်းသင်တန်းဆင်များ ဖြစ်ကြသော ဦးနိုင်လင်းအောင်နှင့် ဦးလင်းလင်းထွန်းတို့က လက်ကိုင်ဖုန်းတစ်လုံးဖြင့် ဗွီဒီယို သတင်းများရိုက်ကူးမှု၊ တည်းဖြတ်မှု၊ ဖိုင်းသိမ်းဆည်းမှုနှင့် သတင်းပေးပို့မှုတို့ကို အဆင့်ဆင့် စာတွေ့၊ လက်တွေ့ ပို့ချခဲ့ကြသည်။

အဆိုပါ ဆင့်ပွားပို့ချမှုများအား ခရိုင်အတွင်းရှိ မြို့နယ်ရုံး (၁၄) ရုံးမှ မြို့နယ်ဦးစီးမှူးများ၊ ဓာတ်ပုံ ကျွမ်းကျင်(၂) ဝန်ထမ်းများနှင့် သတင်းနှင့်ပတ်သက်၍ တာဝန်ယူဆောင်ရွက်လျက်ရှိသော ဝန်ထမ်းများ တက်ရောက် သက်ကြားခဲ့ကြပြီး သိရှိလို သည်များကို အပြန်အလှန်မေးမြန်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

ချစ်စုဝေ(ပြန်/ဆက်)