ကလေးစာပေပွဲတော်(မြန်အောင်) ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်
မြန်အောင် ဇန်နဝါရီ ၁၂
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏စီစဉ်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မြန်အောင်မြို့နယ် စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်းကျင်းပသော ကလေးစာပေပွဲတော်၊ စာအုပ်ပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများကို ယနေ့နံနက်ပိုင်းက မြန်အောင်မြို့ အထက (၂) တွင် ပြုလုပ်လျက်ရှိကြောင်း သိရသည်။