မအူပင်မြို့ အ.ထ.က (၁) ၏ နှစ် (၁၂၀) ပြည့် အထိမ်းအမှတ် အခမ်းအနား ကျင်းပ
မအူပင် ဇန်နဝါရီ ၄
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း( ယခင် ဟိုက်စကူးကျောင်း) ၏ နှစ် (၁၂၀) ပြည့် အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက အဆိုပါကျောင်းရှိ မြတ်ပညာခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ရာ အ.ထ.က (၁) ကျောင်းမှ နဝမတန်း ကျောင်းသား၊ ကျောင်းသူများက မြန်မာ့ ကျောင်းသီချင်းဖြင့် သီဆို၍ အခမ်းအနားအား ဖွင့်လှစ်ပေးခဲ့သည်။