အင်္ဂပူမြို့နယ်၊ အ-ထ-က(ကွင်းကောက်)၌ ကျင်းပြုလုပ်လျက်ရှိသော ကလေးစာပေပွဲတော် ဒုတိယနေ့တွင် ပွဲတော် လာ ပရိသတ်များဖြင့် အထူးစည်ကား

အင်္ဂပူ  ဇန်နဝါရီ  ၄

အင်္ဂပူမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(ကွင်းကောက်) တွင် ကျင်းပသည့် ကလေးစာပေပွဲတော်၊ စာအုပ်၊ စာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲ (ဒုတိယ) နေ့ကို ယနေ့ နံနက် ၉ နာရီက စတင်ကျင်းပ လျက်ရှိရာ စာအုပ်စာပေဝယ်ယူသူများ၊ လာရောက် လေ့လာသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။


စာအုပ်ဈေးရောင်းပွဲတော်တွင် စာဖတ်သူ၊ စာအုပ်ဝယ်ယူသူများ၊ ပြခန်းများကို‌ လေ့လာသူများဖြင့် စည်ကား လျက်ရှိသည်။


စာအုပ်‌ဈေးဆိုင်တန်းများတွင် ကလေစာပေစာအုပ်များ၊ ကာတွန်း၊ ပုံပြင်၊ ဗုဒ္ဓဝင်၊ ရုပ်ပြ၊ ဉာဏ်စမ်းပဟေဠိ စာအုပ်များနှင့် လူကြီးဖတ် သုတ ၊ ရသနှင့်ရှားပါးစာပေများကို ရန်ကုန်မြို့မှ နာမည်ကြီး စာပေတိုက်နှင့် စာအုပ်ဆိုင်ကြီး ၃၀ ‌ကလည်း ကလေးစာပေပွဲတော်ကို အားဖြည့်ကာ ‌ဈေးနှုန်းချိုသာစွာဖြင့် ပါဝင် ရောင်းချ လျက်ရှိရာ စာအုပ်၀ယ်ယူသူများနှင့်စည်ကားလျက်ရှိသည်။

စေတနာရှင် အလှူရှင်များ၏ ထမင်းထုတ်များ၊ ရေသန့်ဗူးများ၊ ပဲနို့အာဟာရ‌ များ‌‌ ဝေငှခြင်း၊ စတုဒိသာ လှူဒါန်းမှုများဖြင့် လည်းလှူဒါန်းလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကလေးစာပေပွဲ‌တော်နှင့်စာအုပ် ဈေးရောင်းပွဲတော်ကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ ဆရာမများ ကျောင်းသား၊ ကျောင်းသူများ၊ စာပေချစ်မြတ်နိုးသူများ၊ စာပေဝါသနာရှင်များ ၊လေ့လာသူများ၊ အမှတ်တရ မှတ်ဓာတ်ပုံရိုက်ကူးသူများ၊ ဖျော်ဖြေရေးအစဉ်တွင် ပါ၀င်ဖျော်ဖြေကြသည့် ဆရာ၊ ဆရာမများ ကျောင်းသား၊ကျောင်းသူများ ဧည့်ပရိသတ်များနှင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။

မန်းကျော်(ပြန်/ဆက်)