(၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ဂုဏ်ပြု ပျော်ပွဲရွှင်ပွဲများ ကျင်းပ
ကောလင်း ဇန်နဝါရီ ၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်၌ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၂)နှစ်မြောက်လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် မင်းချမ်းအခြေခံပညာအထက်တန်းကျောင်းရှေ့အားကစားကွင်း၌ ယနေ့ နံနက် ၁၀နာရီက ပျော်ပွဲရွှင်ပွဲများကျင်းပခဲ့ပြီး ဇန်နဝါရီလ ၄ရက်နေ့တွင် ဆုပေးပွဲကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။