လူမှုဝန်ထမ်းရုံး၊ ပုလောမြို့ မူလတန်းကြိုကျောင်း ကလေးငယ်များ၏ ကာယစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ
ပုလော ဇန်နဝါရီ ၅
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ လူမှုဝန်ထမ်းရုံး၊ ပုလောမြို့ မူလတန်းကြိုကျောင်း ကလေးငယ်များ၏ ကာယစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့နံနက် ၈ နာရီခွဲက မိုးလုံလေလုံ အားကစားခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပြီး မူလတန်းကြိုကျောင်းသား/ကျောင်းသူများ၏ ကာယ၊ ဉာဏ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် မိသားစုအချင်းချင်း ပူးပေါင်းဆောင်ရွက်၍ ချစ်ခင်ရင်းနှီးမှုရရှိစေရန် အဆိုပါပြိုင်ပွဲများ ကျင်းပပြုလုပ်ရခြင်းဖြစ်သည်ဟု လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကြွယ်ကြွယ်ဝင်းက ပြောသည်။