(၁၃)ကြိမ်မြောက်အာစရိယပူဇော်ပွဲကျင်းပပြုလုပ်
မြင်းခြံ ဇန်နဝါရီ ၅
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းတွင် (၁၃) ကြိမ်မြောက် အာစရိယပူဇော်ပွဲကို ကျောင်းဝန်းအတွင်း ယမန်နေ့ မွန်းလွဲ(၁)နာရီက ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အာစရိယပူဇော်ပွဲကျင်းပသည့် အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းသည် ယခင် အမှတ်(၁) အလယ်တန်းကျောင်းမှ အဆင့်တိုးပြီး အထက်တန်းကျောင်းအဖြစ် ဖွင့်လှစ်ခွင့် ရခဲ့ခြင်း ဖြစ်သည်။
ကျောင်းသား/ကျောင်းသူဟောင်းများအနေဖြင့် မိမိတို့ကိုပညာသင်ကြားပေးခဲ့ကြသော ဆရာ/ဆရာများကို တစ်နှစ်တစ်ခါ ပူဇော်ကန်တော့လာသည်မှာ (၁၃)ကြိမ်မြောက်ရှိပြီဖြစ်သည်။