မိုင်းကိုင်မြို့နယ်၌ (၇၂)နှစ်မြောက်၊ လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပ
မိုင်းကိုင် ဇန်နဝါရီ ၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်၊ ပြည်သူ့စာကြည့်တိုက်၌ (၇၂) နှစ်မြောက် ၊ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် အလယ်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲကို ယနေ့ နံနက်က ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအသီးသီးမှ ကျောင်းကိုယ်စားပြု ကျောင်းသား ကျောင်းသူ (၁၂)ဦး က မြို့နယ်အဆင့်အဖြစ် ကျွန်ုပ်သာ ဆရာဝန် တစ်ဦးဖြစ်ခဲ့သော်၊ ကျွန်ုပ်သာကျောင်း ဆရာတစ်ဦးဖြစ်ခဲ့သော်၊ ကျွန်ုပ်သာ အောင်ဘာလေသိန်းထီဆုကြီး ပေါက်ခဲ့သော် ဟူသောခေါင်းစဉ်များဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။