ကလေးစာပေပွဲတော် (ကျုံပျော်) ပထမနေ့၌ ကျောင်းသား/ကျောင်းသူ (၁၀၀၀၀)ကျော် တက်ရောက်ဆင်နွှဲ
ကျုံပျော် ဇန်နဝါရီ ၁၀
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ အခြေခံပညာ ဦးစီးဌာနနှင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်း စီစဉ်ကျင်းပ သော ကလေးစာပေပွဲတော်(ကျုံပျော်)ကို ယနေ့ နံနက်ပိုင်းက ကျုံပျော် မြို့ အ-ထ-က(၁)၌ စတင်ကျင်းပလျက်ရှိရာ ယနေ့ပွဲတော်ပထမနေ့၌ လာရောက်ပါဝင် ဆင်နွှဲသူ ကျောင်းသား/ကျောင်းသူများ၊ ဒေသခံပြည်သူများဖြင့် စည်ကားလျက်ရှိသည်။