မင်းဘူးမြို့တွင် ပြည်သူများ ယာဉ်အန္တရာယ် ကင်းဝေးစေရေး စည်းကမ်းမဲ့ ယာဉ်များအား ဖမ်းဆီးစစ်ဆေး

မင်းဘူး ဇန်နဝါရီ ၇

ပြည်သူများ ယာဉ်အန္တရာယ်ကင်းဝေးစွာ သွားလာနိုင်စေရန်နှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း နှင့်အညီ စနစ်တကျ မောင်းနှင်နိုင်စေရန် ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့တွင် ယနေ့ နံနက် ၉ နာရီအချိန်က မင်းဘူး-မကွေး ကားလမ်း မင်းဘူးမြို့မ ရဲစခန်းရှေ့တွင် စည်းကမ်းမဲ့ မော်တော်ယာဉ်များကို ဖမ်းဆီးစစ်ဆေးခဲ့ကြောင်း သိရသည်။

အလောင်းတော်ကဿပသို့ သွားရောက်နိုင်သည့် ဘုရားဖူးရာသီလမ်း ယာယီလမ်းပိတ်ထားခြင်း ပြန်လည် ဖွင့်လှစ်

ကနီ ဇန်နဝါရီ ၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင် ကနီမြို့နယ်အတွင်းရှိ အလောင်းတော်ကဿပ ရုပ်ပွားတော် တည်ရှိရာနေရာ စံကျောင်းတော်သို့ သွားရောက်နိုင်သည့် ကပိုင်-သပိတ်ဆေးဘုရားဖူးရာသီလမ်းမှာ ဇန်နဝါရီ ၃ ရက်နေ့ ညပိုင်းက မိုးရွာသွန်းမှုကြောင့် ဘုရားဖူးလမ်းကို ယာယီလမ်းပိတ်ထားရပြီး ယခု ဇန်နဝါရီလ ၇ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ပြီဖြစ်ကြောင်း အလောင်းတော်ကဿပဘုရား ဂေါပကဥက္ကဋ္ဌ  ဦးအောင်ကိုလင်း၏ ပြောပြချက်အရ သိရသည်။       

ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေး ဟားခါးခရိုင် Community Centre ခန်းမ၌ အခြေခံကွန်ပျူတာသင်တန်း အမှတ်စဉ်(၁/၂၀၂၀) ဖွင့်လှစ်

ဟားခါး ဇန်နဝါရီ ၇

ဟားခါးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဟားခါးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနတို့ ပူးပေါင်း၍ ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေး အခြေခံကွန်ပျူတာသင်တန်းဖွင့်ပွဲ အခမ်း အနားကို ယမန်နေ့ ညနေ ၅ နာရီက ဟားခါးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပသည်။

လူထုဗဟိုပြုစီမံကိန်း (ဒုတိယနှစ်) စက်ဝန်း၏ မြို့နယ်အဆင့် သက်ဆိုင်သူပေါင်းစုံပါဝင်သော သုံးသပ်ခြင်းအခမ်းအနား တွန်းဇံမြို့၌ကျင်းပ

တွန်းဇံ ဇန်နဝါရီ ၇

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသော ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တွန်းဇံမြို့နယ်၊ လူထုဗဟိုပြုစီမံကိန်း(ဒုတိယနှစ်)စက်ဝန်း၏ မြို့နယ်အဆင့် သက်ဆိုင်သူပေါင်းစုံ ပါဝင်သော သုံးသပ်ခြင်းအခမ်းအနားကို ယနေ့ နံနက်(၉)နာရီအချိန် ချင်းရွှေပြည် အားကစားခန်းမတွင် ကျင်းပသည်။

လိုင်လင်းပီ-ရေဇွာလမ်းပိုင်း၌ မြေပြိုမှုဖြစ်ပွား၍ ကုန်ကားများ သွားလာရေးအခက်အခဲဖြစ်နေ

လိုင်လင်းပီ ဇန်နဝါရီလ ၇

ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ မတူပီမြို့နယ်၊ လိုင်လင်းပီမြို့နှင့် ရေဇွာမြို့အကြား စပေါ်ကျေးရွာအနီး၌ မြေပြိုမှုဖြစ်ပွား၍ ကုန်ကားများ သွားလာရန် အခက်အခဲဖြစ်ပေါ်လျက်ရှိသည်။

အဆိုပါမြေပြိုမှုမှာ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၁)ရက်နေ့မှ (၄)ရက်နေ့အထိ မိုးရွာသွန်းမှုကြောင့် ဖြစ်ပွား ခဲ့ခြင်းဖြစ်ကြောင်းနှင့် ယင်းမြေပြိုသည့်နေရာအား လမ်းဦးစီးဌာနမှ တာဝန်ရှိသူများမှ တာဝန်ယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဆိပ်ဖြူမြို့နယ် ယောချောင်းဘေးကြက်သွန်နီ အပင်စိုက်တောင်သူများ အချိန်အခါမဟုတ် မိုးရွာသွန်းခဲ့ခြင်းကြောင့် ထိခိုက်ပျက်စီးမှုမရှိစေရေးဆောင်ရွက်

ဆိပ်ဖြူ ဇန်နဝါရီ ၇

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်ရှိ ယောချောင်းဘေး ကြက်သွန်နီ စိုက်ခင်းများအတွင်း အချိန်အခါ မဟုတ် မိုးရွာသွန်းမှုကြောင့် ချောင်းရေဝင်ရောက်မှုကြောင့် စိုက်ခင်းများ ထိခိုက်ပျက်စီးမှုမရှိစေရန် ချောင်းမကြီးကျေးရွာရှိ ကြက်သွန်နီစိုက် တောင်သူများ ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ဒီးမော့ဆိုမြို့နယ် ဒေါညေးခူကျေးရွာတွင် အခြေခံကွန်ပျူတာသင်တန်းဆင်းပွဲကျင်းပ

ဒီးမော့ဆို ဇန်နဝါရီ ၇

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီဌာနမှ ကျေးလက်နေပြည်သူများ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများတွင် အထောက်အကူပြုနိုင်စေရန်အတွက် သင်တန်းများဖွင့်လှစ်သင်ကြားပို့ချပေးလျက်ရှိရာ ယနေ့ နံနက် ၉ နာရီက ဒေါတမကြီး ကျေးရွာအုပ်စု ဒေါညေးခူကျေးရွာခန်းမဆောင်၌ အခြေခံကွန်ပျူတာသင်တန်း (၄/၂၀၁၉) ဆင်းပွဲ ကျင်းပခဲ့သည်။

သူနာပြုနှင့် သားဖွားသင်တန်းကျောင်း (ကလေး) တွင် တတိယအကြိမ်မြောက် ဘက်စုံသားဖွားဒီပလိုမာအောင်လက်မှတ် အပ်နှင်းပွဲကျင်းပ

ကလေး ဇန်နဝါရီ ၇

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး သူနာပြုနှင့် သားဖွားသင်တန်းကျောင်း (ကလေး)၏ အပတ်စဉ် (၃) ဘက်စုံသားဖွားဒီပလိုမာ နှစ်နှစ်သင်တန်းသူများ၏ ဒီပလိုမာအောင်လက်မှတ်အပ်နှင်းပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက အဆိုပါကျောင်း၏ အစည်းအဝေးခန်းမဆောင်၌ ကျင်းပပြုလုပ်သည်။

သာစည်မြို့ အ.ထ.က(၂)၌ ပညာရေးစုံညီပွဲတော် နှင့် ကာယ၊ ဉာဏထူးချွန်ဆု ၁၁၃ ဆုချီးမြှင့်

သာစည် ဇန်နဝါရီ ၇

မန္တလေးတိုင်းဒသကြီး သာစည်မြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ကာယ၊ ဉာဏ ထူးချွန်ဆုများချီးမြှင့်ပွဲကို ယနေ့နံနက် ၉နာရီခွဲက အဆိုပါကျောင်း သူရိယခန်းမ၌ ကျင်းပ ပြုလုပ်သည်။

Subscribe to