မယ်စဲ့ ဇန်နဝါရီ ၁၀
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ပြည်ထောင်စုလွှတ်တော်ဖွံ့ဖြိုးရေး ရန်ပုံငွေ သိန်း ၁၀၀၀ ဖြင့် မြောက်ပိုင်းရပ်ကွက်နှင့် တောင်ပိုင်းရပ်ကွက်တွင် ဆောင်ရွက်မည့် ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပတ်သက်၍ ပြည်သူများထံ အသိပေးရှင်းလင်းခြင်းကို ယမန်နေ့ ည ၇ နာရီက မြို့နယ်ခန်းမ၌ ကျင်းပသည်။
ကွန်ဟိန်း ဇန်နဝါရီ ၁၀
ရှမ်းပြည်နယ် (တောင်ပိုင်း) ကွန်ဟိန်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထု အခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ Youth Club အဖွဲ့ဝင်များ၊ စာပေဝါသနာရှင်များ ပူးပေါင်း၍ ဒေါက်တာမတင်ဝင်း (ပညာရေးတက္ကသိုလ်)ရေးသားသော အလုပ်ဆိုတာ အင်အားပါ စာအုပ်ဖြင့် စာဖတ်ဝိုင်းအား ယနေ့နံနက် ၉ နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ပုသိမ်ကြီး ဇန်နဝါရီ ၁၀
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၏ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ကျောင်းမုခ်ဦး၊ ကွန်ကရစ်လမ်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီက အထက(ပုသိမ်ကြီး)၌ ကျင်းပပြုလုပ်ခဲ့သည်။
နတ်တလင်း ဇန်နဝါရီ ၁၀
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ မြို့နယ်တွဲလက်များအဖွဲ့ ပရဟိအဖွဲ့များ စာပေချစ်သူများအဖွဲ့နှင့် မြို့နယ်စီမံခန့်ခွဲမှု ကော်မတီတို့ ပူးပေါင်းစီစဉ်ကျင်းပသော နတ်တလင်း ကလေးစာပေပွဲတော် (တတိယ) အကြိမ် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ဖွင့်ပွဲအခမ်းအနား အစမ်းလေ့ကျင့်ခြင်း၊ ပြိုင်ပွဲ၊ ပြခန်းများ ပြသနိုင်ရေး စတင်ပြင်ဆင်ခြင်းနှင့် ဖျော်ဖြေပွဲများ ဆောင်ရွက်နိုင်ရေးအတွက် စီစဉ်ခြင်းများ ဆောင်ရွက်လျက်ရှိသည်။
ရန်ကုန် ဇန်နဝါရီ ၁၀
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ် သမဝါယမတက္ကသိုလ် (သန်လျင်) တွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက အဆိုပါ တက္ကသိုလ်ဥတ္တရခန်းမ၌ ကျင်းပသည်။
ကန့်ဘလူ ဇန်နဝါရီ ၁၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ခရိုင်စီမံခန့်ခွဲမှု ကော်မတီတို့ ပူပေါင်းကျင်းပသော ကလေးစာပေပွဲတော်၊ စာအုပ်စာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော်ကို ကန့်ဘလူမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ ယမန်နေ့ နံနက် ၉ နာရီက ကျင်းပကြောင်း သိရသည်။
မြဝတီ ဇန်နဝါရီ ၁၀
ကရင်ပြည်နယ်၊မြဝတီမြို့နယ် အာရှလမ်းမကြီး ကွမ်းခြံကုန်းအဆင်းတွင် မော်တော်ယာဉ်ချောက်ထဲ ထိုးကျတိမ်းမှောက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိ (၁၈) ဦးအတွက် မြန်မာ့အာမခံ လုပ်ငန်းမှ သူတစ် ပါးထိခိုက်မှု အာမခံလျော်ကြေးငွေကို ယမန်နေ့ ညနေ့(၄)နာရီက မြဝတီခရိုင် ပြည်သူ့ဆေးရုံကြီးတွင် သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
ကျောက်ပန်းတာင်း ဇန်နဝါရီ ၁၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ဆည်ပေါက်စံပြကျေးရွာတွင် ယမန်နေ့က ဒုတိယအကြိမ်မြောက် သက်ကြီးပူဇော်ပွဲကို အဆိုပါကျေးရွာရှိ ဇေယျာသီရိ မင်္ဂလာ ဓမ္မာရုံတွင် ကျင်းပရာ အသက်(၁၀၇)နှစ် အဖွားတစ်ဦး အပါအဝင် သက်ကြီးဘိုးဘွား(၃၁)ဦးတို့အား ကန်တော့ခဲ့ကြကြောင်း သိရသည်။
ဖလမ်း ဇန်နဝါရီ ၁၀
ဖလမ်းမြို့နယ်၊ ရမ်ထလိုကျေးရွာနှင့် ဒေါက်ထက်ကျေးရွာကြား ကလေး-ဖလမ်း-ဟားခါး ကားလမ်းမိုင်တိုင်အမှတ် ၁၀၃/၇ နှင့် ၁၀၄/၀ ကြား၌ ယမန်နေ့ နံနက် ၂ နာရီခွဲခန့်က ကုန်များတင်ဆောင်သည့် (၁၂) ဘီးကားသည် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ဝဲဘက် (၁၅၀) ပေ ခန့် အနက်ရှိသော ချောက်ထဲပြုတ်ကျကြောင်းသိရသည်။
Copyright 2020