မြောက်ဥက္ကလာပမြို့နယ် အ.မ.က(၅)ကျောင်းသို့ ကိုရီးယားနိုင်ငံ Dan Kook University မှ ကျောင်းသား၊ ကျောင်းသူများ ဒုတိယအကြိမ်လာရောက်
မြောက်ဥက္ကလာပ ဇန်နဝါရီ ၁၀
ကိုရီးယားနိုင်ငံ Dan Kook University မှ ဆရာ Mr. Jin Kwang Min နှင့် ကျောင်းသား၊ ကျောင်းသူ (၂၆)ဦး တို့သည် ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန်က ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ် အ.မ.က (၅) ကျောင်းသို့ ဒုတိယအကြိမ်ရောက်ရှိရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်သီသီနှင့်ဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများမှ ကြိုဆိုနူတ်ဆက်ခဲ့ကြသည်။