ရန်ကင်းမြို့နယ်အတွင်း ဆေးလိပ်ငွေ့ကင်းစင်ရေး အသိပညာပေး (sticker) များ ကပ်ခြင်း ဆောင်ရွက်
ရန်ကုန် ဇန်နဝါရီ ၁၀
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်ကို ဆေးလိပ်ငွေ့ကင်းစင်သော နယ်မြေအဖြစ် ဆောင်ရွက်ရန်အတွက် ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်း၏ ပံ့ပိုးကူညီမှုဖြင့် ဆေးလိပ်ငွေ့ ကင်းစင်ရေး ဆောင်ရွက်ချက် အသိပညာပေး (sticker) များအား အများပြည်သူမြင်သာသည့် နေရာ များ၊ အခြေခံပညာကျောင်းများ၊ စားသောက်ဆိုင်များ၊ ဓမ္မာရုံများ၊ ဘူတာရုံများတွင် လိုက်လံကပ်ခြင်းနှင့် ဆေးလိပ်ငွေ့ကင်းစင် စစ်ဆေးသည့် ပုံစံများ မေးမြန်း ဖြည့်စွက်ခြင်း လုပ်ငန်းစဉ်များကို ယနေ့ နံနက် (၉)နာရီခွဲ အချိန်တွင် မြို့နယ်အတွင်း ကွင်းဆင်းဆောင်ရွက် ခဲ့ကြသည်။