ကရသူရိမြို့၌ ပလတ်စတစ်ညစ်ညမ်းမှုကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်ဘုတ်များပြသဆောင်ရွက်

ကရသူရိ သြဂုတ် ၂၀

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌  ကျောင်းသား၊ ကျောင်းသူများအား ပလတ်စတစ် ညစ်ညမ်းမှုကာကွယ်ရေး အသိ ပညာပေးဟောပြောခြင်းနှင့် နံရံကပ်ဘုတ်များပြသဆောင်ရွက်

ခြင်းကို ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။

ဟောပြောရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူးက ပတ်ဝန်းကျင်ညစ်ညမ်းမှုများကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်တတ်စေရေးအတွက် ပလတ်စတစ် ပေါ်ပေါက်လာပုံ၊ ပလတ်စတစ်အသုံးပြုမှု၊ အမှိုူက်၊ အဏ္ဏဝါပတ်ဝန်းကျင်ညစ်ညမ်းခြင်း၊ အစိုင်အခဲ စွန့်ပစ်အမှိုက်အမျိုးအစားများ၊ ပင်လယ်မြက်၊ ဒီရေတော၊ ပင်လယ်ရေမှော်၊ ရေနေသတ္တဝါများ၊ နောက်ဆက်တွဲ ဆိုးကျိုးများစသည့် အကြောင်းအရာများကို ဟောပြောခဲ့သည်။

ထို့နောက် ပလတ်စတစ်ညစ်ညမ်းမှုကာကွယ်ရေး အသိပညာပေး နံရံကပ်ဘုတ်များ၊ ဓာတ်ပုံမှတ် တမ်းများ၊ စာအုပ်/စာစောင်များပြသရာ ကျောင်းသား၊ ကျောင်းသူများက လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

ကရသူရိ(ပြန်/ဆက်)