ကရသူရိ သြဂုတ် ၂၀
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ မြို့ဦးဘုန်းတော်ကြီးကျောင်းရှိ ကျောင်းအဝင်အတက်လမ်းအား ကွန်ကရစ်လမ်းခင်းကျင်းခြင်းကို ယမန်နေ့က မြို့အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၏ စုပေါင်းလုပ်အားဒါနဖြင့် အပြီးအစီး ခင်းကျင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အလျား ၈၅ပေ၊ အနံ ၉ပေ၊ ထုထည် ၆လက်မ ရှိသည့် ကွန်ကရစ်လမ်းခင်းကျင်းခြင်းကို မြို့အုပ်ချုပ်ရေးမှူး ဦးအေးမျိုးအောင် ဦးစီး၍ ဌာနဆိုင်ရာဝန်ထမ်းများ၊ နယ်မြေစခန်းမှူးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်လူငယ်/လူရွယ်များနှင့်ဦးပဥ္ဇင်းတို့၏ လုပ်အားဒါနဖြင့် ကွန်ကရစ်လမ်းအား နေ့ချင်းပြီး ခင်းကျင်းဆောင်ရွက်ကြရာ အလှူရှင်များက မုန့်၊ အချိုရေနှင့် စားသောက်ဖွယ်ရာများ လာရောက် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ကရသူရိ(ပြန်/ဆက်)