စေတုတ္တရာမြို့နယ်၊ ပုပိုင်းကျေးရွာ အခြေခံပညာ မူလွန်ကျောင်းတွင် “အနာဂတ်ကြယ်” ကျောင်းစာကြည့်တိုက် ဖွင့်လှစ်
စေတုတ္တရာ ဇန်နဝါရီ ၁၂
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၊ ပုပိုင်းကျေးရွာအခြေခံ ပညာမူလွန်ကျောင်း၌ ကျောင်းသား/ကျောင်းသူများ စာအုပ်စာပေများ အလွယ်တကူဖတ်ရှုလေ့လာနိုင်စေရန် ရည်ရွယ်၍ ယနေ့နံနက် (၁၀) နာရီအချိန်တွင် “အနာဂတ်ကြယ်” ကျောင်းစာကြည့်တိုက်ဖွင့်ပွဲအခမ်းအနားကို အဆိုပါ စာကြည့်တိုက်ရှေ့၌ ကျင်းပပြုလုပ်ခဲ့သည်။