စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာကြည့်တိုက်များရှင်သန်ရေး ကွင်းဆင်းဆောင်ရွက်

ကျောက်တန်း   ဇန်နဝါရီ ၁၁

ကျေးလက်နေပြည်သူများ စာပေကိုစိတ်ဝင်စားပြီးစာပေကိုချစ်မြတ်နိုးလာစေရန်နှင့် ကျေးရွာစာကြည့်တိုက် များ ရေရှည်ရှင်သန်ဖွံ့ဖြိုးလာစေရန်ရည်ရွယ်၍ ရန်ကုန်တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ယနေ့နံနက် ၈ နာရီက ဘော်ဂလွတ်ကျေးရွာ၊ ချောင်းဝကျေးရွာနှင့် မီးပြကျေးရွာရှိ စာကြည့်တိုက်များသို့ သွားရောက် ကွင်းဆင်းကြည့်ရှုခဲ့သည်။

အဆိုပါကွင်းဆင်းဆောင်ရွက်မှုတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဆွေဝင်းက ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်စာကြည့်တိုက်ကော်မတီဝင်များ၊စာပေဝါသနာရှင် လူငယ်များနှင့် တွေ့ဆုံကာ စာကြည့်တိုက်များ သက်ဝင်ရှင်သန်ရေး၊ စာအုပ်စာစောင်တိုးပွါးရေး၊ စာဖတ်သူ တိုးပွားရေးနှင့် ကျေးရွာတိုင်း စာကြည့်တိုက်များ ပေါ်ထွန်းလာစေရေး၊ စာကြည့်တိုက် လုပ်ငန်းများ စနစ်တကျရှိစေရေးနှင့် ကျောင်းသားကျောင်းသူများ  ကျောင်းပြင်ပချိန်တွင် စာကြည့်တိုက်သို့ လာရောက်၍ စာပေဖတ်ရှုစေရေးတို့ကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ခင်ဆွေဝင်း(ကျောက်တန်း)