လဟယ် ဇန်နဝါရီ ၁၁
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် ဇန်နဝါရီ ၁၄ ရက်နေ့မှ ၁၆ ရက်နေ့ထိ စည်ကားသိုက်မြိုက်စွာကျင်းပမည့် နာဂရိုးရာနှစ်သစ်ကူးပွဲတော်တွင် နာဂရိုးရာလက်မှုအထည် ဆိုင်မှ ရိုးရာအသုံးအဆောင်ပစ္စည်းများကို ဈေးနှုန်းသင့်တင့်မျှတစွာဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အိန္ဒိယနိုင်ငံမှ ရိုးရာချည်နှင့် ပတီးများကိုဝယ်ယူပြီး လဟယ်မြို့တွင်ယက်လုပ်ကာ ရိုးရာအသုံးအ ဆောင်များဖြစ်သည့် ရိုးရာခြုံဆောင်၊ တဘက်(မာဖလာ) လွယ်အိတ်၊ လည်ဆွဲပုတီး၊ တောဝက်ဆွယ်ဖြင့်ပြု လုပ်ထားသည့်ပုတီး၊ ရိုးရာလုံချည်၊ ပုဆိုး၊ လက်ကောက် ရိုးရာအင်္ကျီဝတ်စကုတ်စသည့် ရိုးရာအသုံး အဆောင်ပစ္စည်းများကို ရိုးရာပွဲအတွင်းနှင့် ရိုးရာပွဲအပြီးတွင်လည်း လဟယ်မြို့ တိုးချဲ့ ရပ်ကွက်(၂) တွင် ဆက်လက်ရောင်းချသွားမည်ဟု အထည်ဆိုင်ပိုင်ရှင် ဒေါ်မိုးရဲက ပြောသည်။
စနေမောင်မောင်(ခန္တီး)