ရွှေတောင်မြို့နယ်တွင် ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနား ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယမန်နေ့နံနက်ပိုင်းက ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနား ကျင်းပခဲ့သည်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဖူဆယ်(အမျိုးသား)ပြိုင်ပွဲ ပဥ္စမနေ့ ပွဲစဉ်များ ကြည့်ရှုအားပေး

၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ဖူဆယ်(အမျိုးသား)ပြိုင်ပွဲ ပဥ္စမနေ့ပွဲစဥ်များကို သြဂုတ်(၂၄)ရက်နေ့ နံနက်ပိုင်းက တောင်ကြီးမြို့၊ ဘက်စုံသုံးပြည်နယ်လေ့ကျင့်ရေးရုံ၌ကျင်းပရာ အုပ်စု(ဂ)မှ ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် မကွေးတိုင်းဒေသကြီးအသင်းတို့ယှဥ်ကစားနေမှုကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

မော်လမြိုင်ကျွန်းမြို့နယ်၌ (၂၆) ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး မြို့နယ်အဆင့်ပြိုင်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဥ် ကျေးမှု အဆို၊ အက၊ အရေး၊ အတီး မြို့နယ်အဆင့် ပြိုင်ပွဲအခမ်းအနားကို  ဩဂုတ်လ(၂၄)ရက်နေ့နံနက် (၁၀) နာရီအချိန်က အထွေထွေအုပ်ချုပ်ဦးစီးဌာန မော်ဧရာခန်းမတွင် ကျင်းပခဲ့သည်။

တွံတေးမှ ဒလသွားလမ်း ဘုရားငုတ္တိုကျေးရွာတွင် quick win စီမံချက်နင့်အညီ စည်းကမ်းပျက်/မော်တော်ယာဥ်၊ မော်တော်ဆိုင်ကယ်များစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ တွံတေးမှ ဒလသွားဘုရားငုတ္တိုကျေးရွာလမ်းဆုံအနီးတွင် quick win စီမံချက်နင့်အညီ စည်းကမ်းပျက်/မော်တော်ယာဥ်/မော်တော်ဆိုင်ကယ်များစစ်ဆေးအရေးယူခြင်းကို ဩဂုတ်လ ၂၄ ရက်နေ့နံနက် ၉ နာရီက ဆောင် ရွက်ခဲ့ကြောင်းသိရသည်။

မြန်အောင်မြို့နယ် တာခွ/ထန်းတိုက်နယ်မှ မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ် မဲပေးစက်အကြောင်း အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်၊ တာခွ/ထန်းတိုက်နယ်မှ မဲဆန္ဒရှင်ပြည်သူများအား မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မြန်မာအီလက်ထရောနှစ် မဲပေးစက်(MEVM)နှင့်ပတ်သက်၍ သိရှိစေရန် အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများကို ယမန်နေ့က တာခွဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ဆောင်ရွက်ခဲ့သည်။

မိုင်းပန်မြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ သရုပ်ပြပွဲအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ သရုပ်ပြပွဲအခမ်းအနားကို မြို့နယ်စဝ်ကောလီခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။

သံတောင်ကြီးမြို့တွင်တစ်ပိုင်တစ်နိုင်စီးပွားဖြင့်မျှစ်ခြောက်များလုပ်ကိုင်ဆောင်ရွက်

ကရင်ပြည်နယ် သံတောင်ကြီးမြို့တွင် မျှစ်များလှိုင်လှိုင်ထွက်ရှိသည့်ယခုအချိန်တွင် မျှစ်များကို တစ်နှစ်တာပတ်လုံးစားသုံးနိုင်ရန်  တစ်ပိုင်တစ်နိုင်စီးပွားဖြင့် မျှစ်ခြောက်များ ထုတ်လုပ်လျက်ရှိ ကြောင်းသိရသည်။ အဆိုပါ မျှစ်ခြောက်များသည် သဘာဝစစ်စစ်ပြုလုပ်ရောင်းချသည့်အတွက် ဝယ်လိုအားကောင်းကာ ယခုနှစ်တွင် တစ်ပိဿာလျှင်ကျပ်(၂၈၀၀၀)မှ  ကျပ်(၃၀၀၀၀)အထိ  ဈေးကောင်းရရှိကြောင်းသိရသည်။

ကျိုက်ထိုမြို့နယ်တွင် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု(မြို့နယ်အဆင့်)အထိမ်းအမှတ်အခမ်းအနား ကျင်းပ

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်ကုသ‌ရေးနှင့်ပြည်သူ့ကျန်းမာ‌ရေးဦးစီးဌာနနှင့် အ‌‌ခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၅- ၂၀၂၆ ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု(မြို့နယ်အဆင့်)အထိမ်းအမှတ်အခမ်းအနားကို ဩဂုတ် ၂၃ ရက် နံနက် ၁၀ နာရီတွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ရာပြည့်ခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။

မြို့သစ်မြို့၌ မဲဆန္ဒရှင်များ မဲပေးစက်ဖြင့် လွယ်ကူစွာမဲပေးနိုင်ရေး မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်း၊ လက်တွေ့စမ်းသပ်မဲပေးခြင်း ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် မဲဆန္ဒရှင်များ လွယ်ကူစွာမဲပေးနိုင်ရေး မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားကို မင်းရပ်ကွက်၊ အခြေခံပညာမူလတန်းကျောင်းခန်းမ၌ ဩဂုတ်လ ၂၄ ရက်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။

ဖျာပုံမြို့နယ်၌ ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် အခြေခံပညာဦးစီးဌာနမှ ဦးဆောင်ကျင်းပသော ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က ဖျာပုံမြို့ အ.ထ.က (၁)ကျောင်း၊ အောင်မြေခန်းမ၌ ကျင်းပသည်။
Subscribe to