ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ မဲဆန္ဒရှင် ပြည်သူများအား မြန်မာအီလက်ထရောနစ် မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်းကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် မြောက်ဥက္ကလာပမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲနှင့် တာဝန်ကျ ဌာနဆိုင်ရာများ ပူးပေါင်း၍ ယမန်နေ့ နံနက်ပိုင်းက ဝေဘာဂီရပ်ကွက်၊ သပြေလမ်း၊ သာသနာပါလဓမ္မာရုံ၌ ကွင်းဆင်းပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။