ဘားအံမြို့နယ် ဆန်စက်လုပ်ငန်းရှင်များသမဝါယမအသင်းသို့ ကွင်းဆင်းကြည့်ရှု

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ အရင်းမပျောက်မတည်ထောက်ပံ့ငွေရယူပြီး လုပ်ငန်းလည်ပတ်ဆောင်ရွက်နေသော ဘားအံမြို့နယ်၊ ဇာသပြင်ကျေးရွာရှိ ဆန်စက်လုပ်ငန်းရှင်များ သမဝါယမအသင်း၏အသင်းသား ဦးမောင်မောင်ကျော်ဆန်စက်သို့ သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရုံးမှ ညွှန်ကြားရေးမှူး ဦးမျိုးအောင်၊ ပြည်နယ်ဦးစီးမှူး ဒေါ်အေးပွင့်နှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုခဲ့ကြကြောင်း သိရသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး၊ ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာရောစပ်ကြဲပက်ခြင်းနှင့် တောင်သူတွေ့ဆုံပွဲတက်ရောက်

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင်အတူ လယ်ဝေးမြို့နယ်၊ ဝက္ကမူကျေးရွာ၌ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး၊ ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာ (၁:၃) ရောစပ်ကြဲပက်ခြင်းနှင့် တောင်သူတွေ့ဆုံပွဲအခမ်းအနားကို တက်ရောက်ခဲ့သည်။

ပုဇွန်တောင်မြို့နယ် အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုဟောပြောပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဂိမ်းကစားနည်းပြိုင်ပွဲများကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားကို ယနေ့နံနက် ၁၁:၃၀ နာရီအချိန်က အမှတ်(၄)အခြေခံပညာအထက်တန်း ကျောင်း ပင်လုံခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ပြင်ဦးလွင်မြို့၌ (၆၁) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲကျင်းပ  

မန္တ​လေးတိုင်း​ဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့တွင် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ(၁)ရက်နေ့တွင် ကျရောက်မည့် (၆၁)နှစ် မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့နံနက်( ၉ )  နာရီက ရပ်ကွက်ကြီး ( ၅ )၊ ခုတင် ( ၃၀၀ ) ဆံ့ ပြည်သူ့ဆေးရုံကြီးရှိ သွေးလှူဘဏ်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)နှင့်စပ်လျဉ်း၍ ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြမဲပေးခြင်းအခမ်းအနား တက်ရောက်

ရခိုင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှကျင်းပသည့် ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)နှင့်စပ်လျဉ်း၍ ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြမဲပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်၊ ရခိုင်ပြည်နယ်တာဝန်ခံ ဦးအောင်မိုးမြင့်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ သက်ကြီးမဲဆန္ဒရှင်များ၊ မသန်စွမ်းမဲဆန္ဒရှင်များ တက်ရောက်ကြပြီး နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများလာရောက်ကြည့်ရှုခဲ့ကြသည်။

မကွေးတိုင်းဒေသကြီး၊ သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး

မကွေးတိုင်းဒေသကြီး၊ သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ညနေ(၂)နာရီအချိန်က တိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ညောင်လေးပင်မြို့နယ် အ.လ.ကခွဲ(ရေကျော်လေး)ကျောင်း၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ ရရှိစေရန်ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေး ဟောပြောခြင်းနှင့် နံရံကပ်စာစောင်ပြပွဲ ဆောင်ရွက်ခြင်းတို့ကို ယနေ့မွန်းလွဲ (၁၃)နာရီက ညောင်လေးပင်မြို့နယ် ရေကျော်လေး အခြေခံပညာအလယ်တန်းကျောင်းခွဲ ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်  ရေဥက္ကံကျေးရွာအုပ်စုတွင် မဲဆန္ဒရှင်ပြည်သူများအား (MEVM) မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် ရပ်ကွက်၊ ကျေးရွာအတွင်းရှိ မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) နှင့်ပတ်သက်၍ သိရှိစေရန်အတွက် အသိပညာပေးခြင်းနှင့်လက်တွေ့စမ်းသပ်မဲပေးခြင်းကို ယနေ့နံနက်(၉)နာရီ၌ ရေဥက္ကံကျေးရွာအုပ်စု ဗန်းမော်အတွင်း၀န်လမ်း စိန်မြဓမ္မသာလဓမ္မပါလဓမ္မာရုံတွင် လက်တွေ့စမ်းသပ်သရုပ်ပြမဲပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပြည်ကြီးတံခွန်မြို့နယ် အ.ထ.က (၂၇)ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေးနေ့(အကြို) လူငယ်စာဖတ်ဝိုင်း ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အခြေခံပညာ အ.ထ.က(၂၇)ကျောင်းတွင် စက်တင်ဘာ ၁၉ မွန်းလွဲ ၁ နာရီက စာဖတ်ရှိန်မြှင့်တင်ရေးနေ့ (အကြို) လူငယ်စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုကောက်ပွဲကော်မရှင်အဖွဲ့ဝင် မန္တလေးတိုင်းဒေသကြီးတာဝန်ခံ ဦးသန်းအောင်ကျော် မိတ္ထီလာခရိုင် MEVM ဆိုင်ရာကြီးကြပ်မှုအဖွဲ့များ၊ နည်းပညာအထောက်အကူပြုအဖွဲ့များနှင့် တွေ့ဆုံ

ပြည်ထောင်စုကောက်ပွဲကော်မရှင်အဖွဲ့ဝင် မန္တလေးတိုင်းဒေသကြီးတာဝန်ခံ ဦးသန်းအောင်ကျော် မိတ္ထီလာခရိုင် MEVM ဆိုင်ရာကြီးကြပ်မှုအဖွဲ့များ၊ နည်းပညာအထောက်အကူပြုအဖွဲ့များနှင့် တွေ့ဆုံပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်တွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to