မြန်အောင်မြို့နယ် တာခွ/ထန်းတိုက်နယ်မှ မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ် မဲပေးစက်အကြောင်း အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများဆောင်ရွက်

မြန်အောင် သြဂုတ် ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်၊ တာခွ/ထန်းတိုက်နယ်မှ မဲဆန္ဒရှင်ပြည်သူများအား မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မြန်မာအီလက်ထရောနှစ် မဲပေးစက်(MEVM)နှင့်ပတ်သက်၍ သိရှိစေရန် အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများကို ယမန်နေ့က တာခွဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ဆောင်ရွက်ခဲ့သည်။

မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကျော်ညွန့်နှင့် မြို့နယ်ရွေးကောက်ပွဲအရာရှိ ဒေါ်ရွှေရည်ဖြိုးတို့က မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)နှင့်ပတ်သက်၍  ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက်တက်ရောက်လာကြသော တာခွ/ထန်းတိုက်နယ်မှ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် သက္ကယ်ကုန်းအုပ်စု၊ လဟာပေါက်ကျေးရွာအုပ်စု၊ ထန်းသုံးပင်ကျေးရွာအုပ်စု၊ ဇီးဖြူကုန်း ကျေးရွာအုပ်စု၊ ကပ်ခိုကျေးရွာအုပ်စုတို့မှ ဒေသခံပြည်သူတို့အား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများကို ဆောင်ရွက်ခဲ့ကြရာ မဲဆန္ဒရှင်ပြည်သူများက စိတ်ပါဝင်စားစွာဖြင့် စမ်းသပ်မဲ‌ပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဝင်းဗိုလ်(ပြန်/ဆက်)