ဖျာပုံမြို့နယ်၌ ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ

ဖျာပုံ သြဂုတ် ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် အခြေခံပညာဦးစီးဌာနမှ ဦးဆောင်ကျင်းပသော ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က ဖျာပုံမြို့ အ.ထ.က (၁)ကျောင်း၊ အောင်မြေခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲတွင် ဖျာပုံခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်လွင်ဦးက တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေးအတွက် အလေးထားဆောင်ရွက်ကြရန်တိုက်တွန်း အမှာစကားပြောကြားသည်။

ထိုနောက် အလုပ်ရုံဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ ဖျာပုံမြို့နယ် အခြေခံပညာဦးစီးဌာနလက်အောက်ရှိ(အ.ထ.က)ကျောင်းများမှ ဘာသာရပ်သင် ဆရာကြီး၊ ဆရာမကြီးများ၊ ဘာသာရပ်အလိုက် အသင်းအဖွဲ့များမှ ဘာသာရပ်အလိုက် ဆွေးနွေးခြင်း၊ အကြိုစစ်ဆေးမည့် (၃)နာရီမေးခွန်း အရည်အချင်းပြည့်မီရေးနှင့်အမှတ်ပေး စည်းမျဥ်းအတိုင်း စစ်ဆေးခြင်း ၊ ဒီဇင်ဘာလကုန်သင်ခန်းစာများ အပြီးသင်ကြားနိုင်ရေးနှင့် မေးခွန်းဟောင်းများလေ့ကျင့်ခြင်း၊ အချိန်ပို၊ စာဖတ်ဝိုင်းများဖြင့် စခန်းသွင်းလေ့ကျင့်သင်ကြားခြင်းကို ထိရောက်စွာ အကောင်အထည်ဖော်​ဆောင်ရွက်ရေးတို့ကို အသေးစိတ်ဆွေးနွေးခြင်းစသော အောင်ချက်မြင့်မားရေးဆိုင်ရာများအား အသီးသီးထပ်မံဖြည့်စွက်ဆွေးနွေးကြသည်။

အဆိုပါ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲသို့ ဖျာပုံခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်လွင်ဦးနှင့် အဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူး ဦးဝင်းအောင်၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများ၊ အခြေခံပညာဦးစီးဌာနလက်အောက်ရှိ (အ.ထ.က)ကျောင်းများမှ ဆရာကြီး၊ ဆရာမကြီးများ တက်ရောက်ကြကြောင်း သိရှိရသည်။

အောင်ဝင်းနိုင်(ပြန်/ဆက်)