မောက်မယ်မြို့နယ်ရှိ ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါနှင့် ဆုံဆို့မေးခိုင်ကာကွယ်ဆေး ထိုးနှံ
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး HPV နှင့် ဆုံဆို့မေးခိုင်ကာကွယ်ဆေး DT အပိုဆောင်းထိုးနှံခြင်းကို ယနေ့နံနက် (၉)နာရီက စတင်ပြီး အခြေခံပညာကျောင်းများတို့တွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။