မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့အထိမ်းအမှတ် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအားကြည့်ရှုအားပေး
(၆၁) နှစ်မြောက် မြန်မာနိုင်ငံရဲတက်ဖွဲ့အထိမ်းအမှတ် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ အမျိုးသမီးနှင့် ကလေးဆေးရုံကြီး၌ ဆောင်ရွက်ခဲ့ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ပြည်နယ်ဝန်ကြီးများသည် ဆေးရုံပုရဝုဏ်အတွင်း မွန်ပြည်နယ်ရဲတပ်ဖွဲ့ဝင်များမှ စုပေါင်းသန့်ရှင်း ဆောင်ရွက်နေမှုအပေါ် ကြည့်ရှုအားပေးခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က ဆေးရုံဥပဓိရုပ် ကောင်းမွန်ပြီး အမှိုက်ကင်းရှင်းစေရေး၊ သန့်ရှုင်းသာယာလှပမှုရှိစေရေး ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် လမ်းညွှန်မှာကြားခဲ့သည်။