အမရပူရ စက်တင်ဘာ ၂၇
မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ် တောင်သမံအင်းပတ်လမ်း သမိုင်းဝင်ဦးပိန်တံတားတောင်ဘက်မှ ရတနာပုံတက္ကသိုလ်လမ်းဆုံအထိ တောင်သမံပတ်လမ်းဘေးဝဲယာရှိ အမှိုက်များကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူး၍ ယနေ့နံနက် (၇)နာရီအချိန်က အမှိုက်စွန့်ပစ်မှု ကာကွယ်တားဆီးရေးလှုပ်ရှားမှုနှင့် အမှိုက်ခွဲခြားစွန့်ပစ်ခြင်းလှုပ်ရှားမှု Campaign ကို ပြုလုပ်ခဲ့သည်။
အခမ်းအနားးသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဝန်ကြီးများနှင့် တာဝန်ရှိသူများက တောင်သမံပတ်လမ်းလမ်းဘေးဝဲယာရှိ အမှိုက်များကောက်ယူနေမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။ ယနေ့ကျင်းပသော အမှိုက်စွန်ပစ်မှု တားဆီးကာကွယ်ရေးလှုပ်ရှားမှုနှင့် အမှိုက်ခွဲခြားစွန့်ပစ်ခြင်းလှုပ်ရှားမှု Campaign တွင် မန္တလေးတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်အောင်မိုးနှင့် ဝန်ထမ်များ၊ အမရပူရခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ကိုလင်းနှင့် ဝန်ထမ်းများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးညွန့်ဦးနှင့် ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရတနာပုံတက္ကသိုလ်၊ မန္တလေးစက်မှုဇုန်ကော်မတီ ရက္ကန်းလုပ်ငန်းရှင်များအသင်း၊ လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့များ၊ ပြည်ကြီးတံခွန်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ သစ်တောဦးစီးဌာန၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနနှင့် မြန်မာ့သစ်လုပ်ငန်းများမှ ဝန်ထမ်းများ စုစုပေါင်းအင်အား (၆၀၀)ဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စိုးသီဟ(အမရ)