ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးတင်ဆွေဝင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီများ၊ ကော်မရှင်အဖွဲ့ခွဲရုံးဝန်ထမ်းများနှင့်တွေ့ဆုံ

ဓနုဖြူ စက်တင်ဘာ ၂၇

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးတင်ဆွေဝင်းနှင့်အဖွဲ့သည် ယမန်နေ့ စက်တင်ဘာလမွန်းလွဲပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်ရှိ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးသို့ရောက်ရှိပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီများ၊ ကော်မရှင်အဖွဲ့ခွဲရုံးဝန်ထမ်းများနှင့် တွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးတင်ဆွေဝင်းက ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးတွက် အသိပညာပေးခြင်းဆိုင်ရာကိစ္စရပ်များ၊ မဲစာရင်းမှန်ကန်မှုရှိစေ ရေးအတွက် မဲပေးစက်များအား စနစ်တကျ အသုံးပြုနိုင်စေရေး ကြပ်မတ်ဆောင်ရွက်ရန်၊ မဲပေးစက်အားသွင်းနည်းစနစ်အား ကြိုတင်စီမံထားရှိရေး၊ ရွေးကောက်ပွဲကာလမဲပေးရာတွင် ဖျက်လုပ်ဖျက်ဆီးမပြုလုပ်စေရေး၊ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များမှ ကြပ်မတ်ဆောင်ရွက်ရန်၊ မဲပေးစက်များအား ပြည်သူများအလွယ်တကူ အသုံးပြုတတ်စေရေး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များမှ သရုပ်ပြရှင်းလင်းဆောင်ရွက်ပေးရန်နှင့် ရွေးကောက်ပွဲအား အောင်မြင်စွာကျင်းပနိုင်ရေး ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း ဆွေးနွေးမှာကြားခဲ့သည်။ ထို့နောက် ဓနုဖြူမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကျော်လွင်က လတ်တလောဆောင်ရွက်နေသည့် ရွေးကောက်ပွဲလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။ ဆက်လက်၍ တက်ရောက်လာသည့် မြို့နယ်ကော်မရှင်အဖွဲ့ဝင်များ၊ ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့် နိုင်ငံရေးပါတီများက ဆွေးနွေးတင်ပြခဲ့ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်က လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။

အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)