ရေတာရှည် ဇူလိုင် ၂၇
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ရေတာရှည်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်ခွဲ၌ အငြိမ်းစား ဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ကိုဗစ် - ၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များ နှင့်အညီ ယမန်နေ့နံနက်ပိုင်း ကစ၍ ထုတ်ပေးလျက်ရှိသည်။
ထိုသို့ပင်စင်လစာများထုတ်ပေးရာ၌ ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ရေးလမ်းညွှန်ချက် များနှင့်အညီ လူစုလူဝေးမဖြစ်ပေါ်စေရန်အတွက် မြန့်မာ့စီးပွားရေးဘဏ်ဝန်ထမ်းများက စနစ် တကျ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အချိန်နှင့်တစ်ပြေးညီ လစာငွေရရှိရေး ထုတ်ပေး လျက်ရှိကြောင်း၊ နေ့စဉ် နံနက် ၅ နာရီ ခန့်မှ နေ့လည် ၁၂နာရီအထိ ထုတ်ပေးသွား မည်ဖြစ်ကြောင်း၊ ပင်စင်လာရောက်ထုတ်ယူရန် အခက်အခဲရှိသည့် အငြိမ်းစားများအား ကိုယ်စားလှယ်လွှဲစာဖြင့်လာရောက်ထုတ်ယူနိုင်ကြောင်း မြို့နယ် မြန်မာ့စီးပွားရေး ဘဏ်(ခွဲ)မှ သိရသည်။
အေးဆု